သူ့ အသင်းဖော်သူငယ်ချင်းဘက်ကကာကွယ်ပေးသွားတာပါ။

၂၀၂၁ မှာ ပီအက်စ်ဂျီကို မပြောင်းရွှေ့ခင် ဘာကာနဲ့ စာချုပ်သစ်အတွက် ဆွေးနွေးခဲ့ချိန်မှာ မက်ဆီက သူ့အသင်းဖော်ဆွာရက်ဇ်အတွက် နူးကမ့်က ပွဲကြည့်စင်မှာ သီးသန့်ကြည့်ဖို့နေရာဖန်တီးပေးရမယ်ဆိုတဲ့ တောင်းဆိုချက်ပါဝင်ခဲ့ကြောင်း စပိန်သတင်းစာ El Mundo က ဖော်ပြခဲ့ပါတယ်။ အခုအခါမှာတော့ ဆွာရက်ဇ်က ဒီသတင်းတွေနဲ့ပတ်သက်ပြီး မက်ဆီဘက်ကနေ ခုခံကာကွယ်သွားခဲ့ပါတယ်။ 

မက်ဆီနဲ့ ဆွာရက်ဇ်တို့ကတော့ သူငယ်ချင်းဆိုတာထက်ပိုတဲ့ သံယောဇဉ်တွေရှိနေသူတွေဖြစ်ပါတယ်။ တော်တော်လေးရင်းနှီးခင်မင်ပြီး ဆွာရက်ဇ်က ဥရုဂွေးက ငယ်ဘ၀ကလပ်နေစီယွန်နယ်ကို ပြောင်းရွှေ့ဖို့ အပြန်မှာ မက်ဆီက သူ့ရဲ့ ကိုယ်ပိုင်ဂျက်လေယာဉ်နဲ့ လိုက်ပို့ပေးခိုင်းတဲ့အထိကို ခင်မင်ကြတဲ့သူတွေဖြစ်ပါတယ်။ သူတို့နှစ်ဦးက ဘာစီလိုနာမှာ နှစ်အတန်ကြာအသင်းဖော်တွေအဖြစ် အတူကစားခဲ့ပြီး အခုလိုခင်မင်ခဲ့ကြတာပါ။ 

စပိန်သတင်းဌာန Marca နဲ့ အင်တာဗျူးမှာ ဆွာရက်ဇ်က "အဲဒီသတင်းက ကျနော့်အတွက် ရယ်စရာပဲ၊ ဘယ်ကစားသမားအတွက်မဆို သူတို့အတွက် သီးသန့်ကြည့်ဖို့နေရာကို တောင်းဆိုတာက ပုံမှန်ပဲဗျ၊ နာမည်ကျော်ကစားသမားတွေရဲ့ စာချုပ်ကို ခင်ဗျားကြည့်ခွင့်ရခဲ့မယ်ဆိုရင် ကြည့်ကြည့်ပါ၊ သူတို့အားလုံးမှာ ကိုယ်ပိုင်သီးသန့်နေရာရှိနေကြတာကိုတွေ့ရလိမ့်မယ်"

"ဥပမာ အက်သလက်တီကိုမက်ဒရစ်မှာဆိုလည်း ကျနော့်မိသားစုအတွက် သီးသန့်ကြည့်ဖို့နေရာရှိတာပဲ၊ နေစီယွန်နယ်မှာလဲ အဲဒီအတိုင်းပဲ၊ ဒါကြောင့်လည်း အခုသတင်းတွေက အရမ်းရယ်ရတယ်လို့ ကျနော်ပြောတာပေါ့။ အမှန်ဆိုရင် လီယိုက ဘာစီလိုနာကို ပိုပြီးတော့ လွယ်ကူအောင်လုပ်ပေးနေတာပါ၊ ဘာလို့လဲဆိုတော့ ကျနော်တို့မိသားစုနှစ်ခုမှာ ပွဲကြည့်ဖို့နေရာ ၁ ခုတည်းရှိပြီး မျှဝေသုံးစွဲပေးနေတာပါ"

"ဆွာရက်ဇ်က တခု၊ မက်ဆီက တခုဆိုရင် ဘာစီလိုနာအတွက် ပိုပြီးတော့ ခက်ခဲသွားမှာပေါ့ (ရယ်လျက်)" လို့ ပြောဆိုသွားခဲ့ပါတယ်။ ဆွာရက်ဇ်ကတော့ မက်ဆီထက်အရင် ဘာစီလိုနာကထွက်ခွာခဲ့တာဖြစ်ပြီး အက်သလက်တီကိုမက်ဒရစ်မှာ သွားရောက်ကစားခဲ့ကာ အမှတ်ပေးဖလားကို ဆွတ်ခူးနိုင်ခဲ့ပါသေးတယ်။  


Share

Loading Next Article...
က္က