အလှောင်ခံရမှာကြောက်လို့ မိုင်ယာမီကို​ပြောင်းတာလို့ ဆိုပါတယ်။

ရော်နယ်ဒိုရဲ့ ရောင်းရင်းကြီးတဦးဖြစ်တဲ့ ပီယာ့စ်မော်ဂန်က မက်ဆီဟာ ဘောလုံးထိပ်တန်းအဆင့်ကနေ နုတ်ထွက်သွားခဲ့တယ်လို့ ပြောဆိုလိုက်ပါတယ်။ အင်တာမိုင်ယာမီကို ပြောင်းရွှေ့မယ်လို့ မက်ဆီက ပြောဆိုခဲ့ပြီးတဲ့နောက်မှာ သူက အထက်ပါအတိုင်းပြောဆိုခဲ့ပြီး ဆော်ဒီကို ရော်နယ်ဒို ပြောင်းရွှေ့တုန်းက ​ေဝေဖန်ပုတ်ခတ်ခံရသလိုမျိုးတွေ ဖြစ်မှာကို ရှောင်ရှားချင်တာကြောင့်လို့လည်း ဆိုခဲ့ပါတယ်။ 

ရော်နယ်ဒိုဟာ ယူနိုက်တက်ကနေ ထွက်ခွာပြီး အယ်လ်နာဆာကို ပြောင်းရွှေ့ခဲ့ချိန်မှာ ငွေကြေးနောက်လိုက်ခဲ့တယ်ဆိုပြီး ကျယ်ကျယ်ပြန့်ပြန့်ဝေဖန်ခံရ၊ သရော်ခံခဲ့ရသူဖြစ်ပါတယ်။ အခုအခါ အသက် ၃၅ နှစ်အရွယ်မက်ဆီကလည်း ပီအက်စ်ဂျီကနေ အလွတ်ထွက်ခွာမှာဖြစ်ကာ မေဂျာလိဂ်ကို သွားရောက်ကစားမှာဖြစ်ပါတယ်။ ဒါပေမယ့် မော်ဂန်ကတော့ ရော်နယ်ဒိုတုန်းကလိုမျိုး မက်ဆီက ဝေဖန်ခံရမှာမဟုတ်ဘူးလို့ ယူဆနေပါတယ်။ 

"မက်ဆီက အသက် ၃၅ နှစ်မှာပဲ ထိပ်တန်းဘောလုံးလောကကနေ နုတ်ထွက်ခဲ့တာပါ၊ ရော်နယ်ဒိုထက် ၃ နှစ်တောင် ပိုစောပါတယ်၊ ဘောလုံးပွဲဝေဖန်သုံးသပ်သူတွေ၊ အားကစားကလောင်ရှင်တွေရဲ့ ရော်နယ်ဒိုကို လှောင်ပြောင်သရော်ခဲ့တာတွေနဲ့ တူညီတဲ့ ကဲ့ရဲ့ရှုတ်ချမှုတွေကို အခု ကျနော်တို့ မြင်ရတော့မှာပေါ့နော်၊ ဟုတ်သလား" လို့ မော်ဂန်က တွစ်တာမှာ အရွဲ့တိုက်ရေးသားသွားခဲ့ပါတယ်။ 

လက်ရှိမှာတော့ မက်ဆီက သူ့ရဲ့ ဆုံးဖြတ်ချက်ကို တရားဝင်ကြေညာချက်ထုတ်ပြန်တာမျိုးတော့ မလုပ်သေးပါဘူး။ ဒါပေမယ့် သူ အင်တာမိုင်ယာမီကို ရွေးချယ်ခဲ့ပြီဆိုတာကိုတော့ ဖွင့်ဟထားပြီးဖြစ်ပါတယ်။ ဒီသတင်းထွက်လာချင်းချင်းမှာပဲ ရော်နယ်ဒိုပရိသတ်တွေက မက်ဆီကို လှောင်ပြောင်ခဲ့ကြပြီး ဆော်ဒီမှာ ရော်နယ်ဒိုရှိလို့ မလာရဲတာမို့လားဆိုပြီး မေးခွန်းထုတ်ခဲ့ကြပါတယ်။

ပီယာ့စ်မော်ဂန်ကလည်း အဆိုပါသဘောထားအတိုင်း တထပ်တည်းဖြစ်နေခဲ့တာပါ။ ရော်နယ်ဒိုပရိသတ်တွေက သူတို့ကစားသမားက အသက် ၃၅ နှစ်အရွယ်မှာ ဂျူဗီအတွက် ကစားပေးပြီး ထိပ်တန်းပွဲတွေနွှဲနေတုန်းပဲဆိုတာကိုလည်း ထောက်ပြခဲ့ကြပါသေးတယ်။  

Share

Loading Next Article...
က္က