ဂါနာချိုက ရော်နယ်ဒိုရဲ့ကောမန့်ကို Pin ချည်ထားလိုက်တာပါ။

ယူနိုက်တက် လူငယ်ကြယ်ပွင့်လေး ဂါနာချိုဟာ မက်ဆီကို ထာဝရအကောင်းဆုံး ကစားသမားဆိုပြီး ပြောကြားထားတဲ့ အဂွေရိုရဲ့ ကောမန့်ကို သူ့ပို့စ်အောက်က Pin ကောမန့်နေရာကနေ ဖယ်ရှားလိုက်ပါတယ်။ ပြီးခဲ့တဲ့ စနေညက ယူနိုက်တက်က နော့ဝစ်ချ်ကို ၃-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ ရော်နယ်ဒိုက ဟက်ထရစ်သွင်းခဲ့တာပါ။



အဲ့ဒီနောက်ပွဲအပြီးမှာ ရော်နယ်ဒိုက ဟက်ထရစ်ရတဲ့ ဘောလုံးကို ဂါနာချိုအတွက် လက်ဆောင်ပေးခဲ့ပါတယ်။ ဂါနာချိုဟာ ယူနိုက်တက်အသင်းကြီး လူစာရင်းမှာ ပထမဆုံးပါဝင်လာခဲ့တာဖြစ်ပြီး ဒီပွဲမှာ ကစားခွင့်မရခဲ့ပေမယ့် ရော်နယ်ဒိုဆီက လက်ဆောင်ရရှိခဲ့တာပါ။

အဲ့ဒါကြောင့်လည်း သူ့ရဲ့အင်စတာဂရမ်ကနေ ရော်နယ်ဒိုနဲ့ သူ့ရဲ့ပုံကိုတင်ပြီး “ထာဝရအကောင်းဆုံး ကစားသမား” အဖြစ် ရော်နယ်ဒိုကို ရည်ညွှန်းခဲ့ပါတယ်။ ဒါပေမယ့် အဂွေရိုကတော့ အဲ့ဒီပို့စ်ရဲ့အောက်မှာ “မင်းဒီလိုပြောတာ တကယ့်ထာဝရအကောင်းဆုံး မက်ဆီနဲ့ တွဲမကစားဖူးသေးလို့ပါ” လို့ ကောမန့်ရေးသားခဲ့ပါတယ်။

အဂွေရိုအပြင် အာဂျင်တီးနားသားအများစုဟာ ဂါနာချိုအပေါ် ဝေဖန်မှုတွေပြင်းထန်ခဲ့ပါတယ်။ ဂါနာချိုဟာ အာဂျင်တီးနားသားတယောက်ပဲဖြစ်ပေမယ့် အခုလိုမျိုး ရော်နယ်ဒိုကို ချီးကျူးခဲ့တာလည်းဖြစ်ပါတယ်။ အစပိုင်းမှာတော့ ဂါနာချိုက အဂွေရို လာရောက်ရေးသားထားတဲ့ ကောမန့်ကို Pin ချည်ပေးထားခဲ့ပါတယ်။

ဒါပေမယ့် ရော်နယ်ဒိုက သူ့ရဲ့အောက်မှာ လက်သီးဆုပ်ထားတဲ့ အီမိုဂျီ လာရောက်ရေးသားချိန်မှာတော့ အဂွေရိုရဲ့ ကောမန့်ကို Pin ဖြုတ်ပြီး ရော်နယ်ဒိုရဲ့ ကောမန့်ကိုသာ Pin ချည်ထားခဲ့ပါတယ်။ ဂါနာချိုရဲ့ ဒီလုပ်ရပ်ကတော့ အဂွေရိုအတွက်ရော၊ အာဂျင်တီးနားသားတွေအတွက်ပါ အရှိုက်ထိစရာ ထပ်ဖြစ်ခဲ့တယ်လို့ဆိုနိုင်ပြီး ဂါနာချိုအပေါ် ရော်နယ်ဒိုရဲ့လွှမ်းမိုးမှုက တော်တော်လေး ကြီးမားခဲ့တာလည်းဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က