ဆွစ်ဇာလန်နဲ့ နေးရှင်းလိဂ်ပွဲမှာ သွင်းယူခဲ့တာပါ။

နေးရှင်းလိဂ်ပွဲအဖြစ် ပေါ်တူဂီက ဆွစ်ဇာလန်ကို ၄-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ ရော်နယ်ဒိုလည်း ခြေစွမ်းပြသွားခဲ့ပါတယ်။ အက်စ်တိုးနီးယားနဲ့ ခြေစမ်းပွဲမှာ မက်ဆီက ၅ ဂိုးသွင်းပြီး ခြေစွမ်းပြနေချိန် ပေါ်တူဂီအတွက် ရော်နယ်ဒိုကလည်း ၃ ဂိုးအထိ တိုက်ရိုက်ပါဝင်ပတ်သက်ခဲ့ကာ ၂ ဂိုးသွင်းပြီး ၁ ကြိမ်ဖန်တီးပေးသွားခဲ့ပါတယ်။ 

စပိန်နဲ့ပွဲမှာ အရန်ခုံမှာရှိနေခဲ့တဲ့ အသက် ၃၇ နှစ်အရွယ် တိုက်စစ်မှူးဟာ ဒီပွဲကို ပွဲထွက်လာခဲ့ပြီး အဖွင့်ဂိုးအတွက် ဖန်တီးပေးခဲ့ပါတယ်။ အဲဒီနောက် သူကိုယ်တိုင်လည်း ၂ ဂိုးအထိ သွင်းယူခဲ့ပြီး နိုင်ငံတကာသွင်းဂိုးက ၁၁၇ ဂိုးအထိရှိလာခဲ့ကာ သူ့စံချိန်ကို လိုက်မီဖို့အတွက် ပိုမိုခက်ခဲလာစေခဲ့ပြီဖြစ်ပြီး နှစ်ပေါင်းများစွာတည်တံ့နေမယ့် အနေအထားဖြစ်လာခဲ့ပါတယ်။ 

ရော်နယ်ဒိုဟာ ဒီပွဲမှာသွင်းယူခဲ့တဲ့ ဂိုးတွေကြောင့် ပင်နယ်တီမပါဝင်ဘဲ နိုင်ငံတကာသွင်းဂိုး ၁၀၀ ပြည့်မြောက်သွားပြီလည်းဖြစ်ပါတယ်။ ဒီပွဲကို ရော်နယ်ဒိုရဲ့ မိခင်ဖြစ်သူလည်း လာရောက်ကြည့်ရှုခဲ့ပြီး သားဖြစ်သူ ဂိုးသွင်းချိန်မှာတော့ ဝမ်းသာလို့ ငိုကြွေးနေခဲ့တာကို ဓာတ်ပုံမှတ်တမ်းတွေအရ တွေ့မြင်ခဲ့ရပြီး သူ့သားအောင်မြင်မှုအတွက် အခုချိန်ထိ အောင်ပွဲခံလို့၊ ပျော်ရွှင်လို့မ၀ဖြစ်နေခဲ့ပါတယ်။ 

ဒီပွဲမှာ ဟက်ထရစ်ရယူနိုင်မယ့် အခွင့်အရေးမျိုးရှိနေခဲ့ပေမယ့်လည်း ရော်နယ်ဒိုဖြုန်းတီးမိခဲ့ပြီး အံ့အားသင့်ဖွယ်ရာလွဲချော်ခဲ့တာဖြစ်ပါတယ်။ ပေါ်တူဂီကတော့ လာမယ့်ပွဲအဖြစ် ချက်နဲ့ကစားသွားရမှာဖြစ်ပြီး အဆိုပါပွဲကို အနိုင်ရမယ်ဆိုရင် အုပ်စုတွင်းမှာ အခြေအနေကောင်းမွန်သွားတော့မှာလည်းဖြစ်ပါတယ်။ 


Share

Loading Next Article...
က္က