ရော်နယ်ဒိုက ဂိုးကံခေနေခဲ့တာပါ။

‌အယ်လ်နာဆာတိုက်စစ်မှူး ရော်နယ်ဒိုကတော့ရာသီကြိုခြေစမ်းပွဲတွေမှာ ဂိုးပေါက်ပျောက်ခဲ့ပြီး မနေ့က ကစားခဲ့တဲ့ အာရပ်ကလပ်ချန်ပီယံရှစ်ပွဲမှာလည်း ဂိုးပေါက်ပျောက်ခဲ့ရပြန်ပါတယ်။ ရော်နယ်ဒိုဟာ အယ်လ်နာဆာရဲ့ ရာသီကြိုခြေစမ်းပွဲတွေမှာ တောက်လျှောက် ပါဝင်ကစားပေးခဲ့တာပါ။



ဒါပေမယ့် အယ်လ်နာဆာက ဥရောပကလပ်တွေနဲ့ ကစားခဲ့တဲ့ပွဲတွေမှာလည်း တစ်ပွဲမှ အနိုင်မရရှိခဲ့ဘဲ ရော်နယ်ဒိုပြောတဲ့ ဥရောပလိဂ်တွေက အရင်လောက် မကောင်းတော့ဘူးဆိုတဲ့ စကားတွေသာ အဖတ်တင်ကျန်ခဲ့ပါတယ်။ အယ်လ်နာဆာဟာ ဆဲလ်တာဗီဂို၊ ဘင်ဖီကာ၊ ပီအက်စ်ဂျီ၊ အင်တာမီလန်တို့နဲ့ ခြေစမ်းပွဲ ကစားခဲ့တာပါ။


ဒီပွဲတွေမှာ အယ်လ်နာဆာတို့ နှစ်ပွဲရှုံး၊ နှစ်ပွဲသရေရလဒ်သာ ထွက်ပေါ်ခဲ့ပြီး ရော်နယ်ဒိုကလည်း တစ်ဂိုးမှ သွင်းယူနိုင်ခဲ့ခြင်း မရှိပါဘူး။ မနေ့က ကစားခဲ့တဲ့ အယ်လ်ရှာဘတ်နဲ့ပွဲမှာလည်း ရော်နယ်ဒိုက ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိဘဲ အယ်လ်နာဆာကလည်း ဂိုးမရှိသရေနဲ့သာ ကျေနပ်ခဲ့ရပါတယ်။

ဒီပွဲရဲ့ ပွဲကစားချိန် (၇၁) မိနစ်မှာ ရရှိလာခဲ့တဲ့ ဧရိယာထိပ်က အခွင့်အရေးကို ရော်နယ်ဒိုက အပြင်းကန်သွင်းယူခဲ့ပေမယ့် သူ့ရဲ့ကန်ချက်ကို ပြိုင်ဘက်ဂိုးသမားက ပုတ်ထုတ်ကာကွယ်သွားခဲ့ပါတယ်။ ရော်နယ်ဒိုရဲ့ ကန်ချက်က ပြင်းထန်အားပါပြီး တိကျသေချာခဲ့ပေမယ့် ဂိုးသမားတည့်တည့် ရောက်သွားခဲ့တာကြောင့် ရော်နယ်ဒိုတစ်ယောက် ကံဆိုးခဲ့တာပါ။

တစ်ဖက်မှာတော့ သူ့ရဲ့ ခေတ်ပြိုင်ကစားသမား မက်ဆီက မေဂျာလိဂ်မှာ ဆက်တိုက် ဂိုးသွင်းခြေစွမ်းပြနေပြီး အင်တာမိုင်ယာမီအတွက် နှစ်ပွဲကစား (၃) ဂိုးသွင်းယူပေးထားပြီးပါပြီ။ အဲ့ဒါကြောင့်လည်း မေဂျာလိဂ်ထက် ဆော်ဒီလိဂ်က ပိုကောင်းတယ်လို့ ပြောထားတဲ့ ရော်နယ်ဒိုအတွက် အခုလိုမျိုး ဂိုးပေါက်ပျောက်ဆုံးနေမှုက သူ့အတွက် ဖိအားဝင်စေမှာ အသေအချာပါပဲ။ 

Share

က္က