TIME ရဲ့ ၂၀၂၃ ခုနှစ်အတွက် အလွှမ်းမိုးနိုင်ဆုံး ပုဂ္ဂိုလ်အယောက် ၁၀၀ ထဲမှာ သတ်မှတ်ခံခဲ့ရတာဖြစ်ပါတယ်။

တင်းနစ်ဂန္တဝင် ရော်ဂျာ ဖက်ဒါရာဟာ အာဂျင်တီးနားနဲ့ ပီအက်စ်ဂျီကြယ်ပွင့်တိုက်စစ်မှူး လီယွန်နယ် မက်ဆီတို့ဟာ TIME ရဲ့ ၂၀၂၃ ခုနှစ်အတွက် အလွှမ်းမိုးနိုင်ဆုံးပုဂ္ဂိုလ် ၁၀၀ စာရင်းထဲမှာ သတ်မှတ်ခံခဲ့ရတဲ့အတွက် အံ့အားသင့်ဖွယ် ဂုဏ်ပြုစကားပြောကြားခဲ့ပါတယ်။

ဘလွန်ဒေါ ၇ ဆုရှင်လီယွန်နယ် မက်ဆီအတွက်တော့ အမှတ်ရစရာ နှစ်တစ်နှစ် ဖြစ်ခဲ့ပြီး ဒီဇင်ဘာလမှာ ကစားသမားဘဝတလျှောက်လုံး ရှောင်ပြေးနေခဲ့တဲ့ ကမ္ဘာ့ဖလားကို အာဂျင်တီးနားအသင်းနဲ့အတူ ကိုင်မြှောက်နိုင်ခဲ့တာဖြစ်ပါတယ်။

 

လီယွန်နယ် မက်ဆီဟာ ၎င်းရဲ့ ဆုဖလားအောင်မြင်မှုတွေ ပြည့်နှက်နေတဲ့ ကစားသမားဘဝမှာ ပထမဆုံးအကြိမ် ကမ္ဘာ့ချန်ပီယံဖြစ်လာခဲ့ပြီးနောက် မကြာသေးမီက ထုတ်ပြန်ခဲ့တဲ့ TIME ရဲ့ ၂၀၂၃ ခုနှစ်အတွက် အလွှမ်းမိုးနိုင်ဆုံး ပုဂ္ဂိုလ်အယောက် ၁၀၀ ထဲမှာ သတ်မှတ်ခံခဲ့ရတာဖြစ်ပါတယ်။

 

လီယွန်နယ် မက်ဆီရဲ့ TIME ရဲ့ စာရင်းထဲ ပါဝင်လာမှုကို အကြိမ် ၂၀ ဂရန်းစလန်းချန်ပီယံ ရော်ဂျာ ဖက်ဒါရာက အလွန်အားကောင်းတဲ့ သတင်းစကားနဲ့အတူ ကြိုဆိုခဲ့ပြီး အာဂျင်တီးနားကြယ်ပွင့်ရဲ့  အသိအမြင်နဲ့ တင်ကူးသိမြင်နိုင်စွမ်းက နားလည်နိုင်စွမ်းထက်တောင် ကျော်လွန်လုနီးပါးဖြစ်တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

 

“လီယွန်နယ် မက်ဆီရဲ့ သွင်းဂိုး မှတ်တမ်းနဲ့ ချန်ပီယံရှစ်အနိုင်ရရှိမှုတွေက ဒီနေရာမှာ ပြန်ရေတွက်ပြစရာမလိုပါဘူး။ မက်ဆီနဲ့ပတ်သက်ပြီး ကျွန်တော့်အတွက် ထူးခြားချက်က နှစ်ပေါင်းများစွာ တသမတ်တည်း ကြီးကျယ်ခမ်းနားခဲ့မှုပါ။ ဒါက ရရှိဖို့ အရမ်းခက်ခဲတဲ့အရာဖြစ်ပြီး ထိန်းသိမ်းဖို့လည်း ခက်ပါတယ်။ သူက မှော်ဆရာတစ်ယောက်လို လိမ်ခေါက်ပြီး သူ့ရဲ့ ထောင့်ဖြတ် ပေးပို့မှုတွေက အနုပညာလက်ရာမြောက်ပါတယ်။ သူ့ရဲ့ အသိအမြင်နဲ့ တင်ကူးသိမြင်နိုင်စွမ်းက နားလည်နိုင်စွမ်းထက်တောင် ကျော်လွန်လုနီးပါးပါပဲ။ကျွန်တော့်ရဲ့ ကစားသမားဘဝက ပြီးဆုံးသွားခဲ့ပါပြီ။ ကျွန်တော် အခု ကျွန်တော်တို့ အားကစားသမားတွေ သယ်ဆောင်ထားရတဲ့ အလေးချိန်က ဘယ်လောက်အထိ ရှိလဲဆိုတာ သဘောပေါက်သွားပါပြီ။ ဒါပေမယ့် ကျွန်တော်တို့ နေ့စဉ်ဘဝမှာတော့ ကျွန်တော်တို့ အဲဒါကို သတိတောင် မထားမိပါဘူး"

"မက်ဆီလို ဘောလုံးသမားတစ်ယောက်အတွက် အဲဒီ အလေးချိန်က ပိုပြီးတော့ ကြီးမားတယ်လို့ ခံစားရနိုင်ပါတယ်။ သူက ကမ္ဘာကျော်ကလပ်နဲ့ အရမ်းစိတ်အားထက်သန်တဲ့ နိုင်ငံအသင်းကို ကိုယ်စားပြုကစားပေးနေတာပါ။ အာဂျင်တီးနားရဲ့ ကမ္ဘာ့ဖလားအောင်ပွဲက ကြီးကျယ်ခမ်းနားပါတယ်။ သန်းပေါင်းများစွာသော ပရိသတ်တွေဟာ ဗွေနိုစ် အိုင်းရပ်စ်က လမ်းမတွေပေါ်မှာ အောင်ပွဲခံခဲ့တာက အားကစားမှာ အံ့အားသင့်စရာအခိုက်အတန့်ဖြစ်ခဲ့ပြီး တကမ္ဘာလုံး မျက်မြင်တွေ့ခဲ့ရပါတယ်။ ဘောလုံးကို စိတ်မဝင်စားတဲ့လူတွေတောင်မှ ကမ္ဘာပေါ်မှာ အထင်ပေါ် အကျော်ကြားဆုံးပြိုင်ပွဲရဲ့ အကျိုးသက်ရောက်မှုကို သိသွားခဲ့ရတယ်။ ကြီးပြင်းလာချိန်မှာ ဒီယေဂို မာရာဒိုနာ၊ ဘားတစ္စတူတာတို့က ကျွန်တော့်ရဲ့ အနှစ်သက်ဆုံး အာဂျင်တီးနားကစားသမားတွေဖြစ်ခဲ့ပါတယ်။ ကျွန်တော်က သူတို့ ၂ ယောက်စလုံးနဲ့ ဆုံတွေ့ရလောက်တဲ့အထိ ကံကောင်းခဲ့ပါတယ်။ သူတို့တွေက ကျွန်တော့်ကို လှုံ့ဆော်ပေးခဲ့တယ်။ အခု မက်ဆီက အနာဂတ်မျိုးဆက်သစ်တွေကို လှုံ့ဆော်ပေးနိုင်တယ်။ ကျွန်တော်တို့ သူ့ရဲ့ အတုမရှိတဲ့ ဖန်တီးနိုင်စွမ်းနဲ့ အနုပညာဆန်မှုတွေကို ကြာနိုင်သလောက် ကြာကြာ မြင်တွေ့ရဖို့ပဲ မျှော်လင့်နိုင်ပါတယ်။ မက်ဆီ ကွင်းထဲမှာ ကစားနေတဲ့အချိန်မှာ မျက်တောင် ခဏခဏ မခတ်မိပါစေနဲ့။ ခင်ဗျား မယုံနိုင်စရာကောင်းတဲ့ တစ်စုံတရာကို လွဲချော်သွားနိုင်ပါတယ်။ ကျေးဇူးတင်ပါတယ် လီယို”လို့ ရေးသားခဲ့တာဖြစ်ပါတယ်။

Share

Loading Next Article...
က္က