ဝင်ငွေအများဆုံး ကစားသမားဖြစ်ခဲ့တာပါ။

အယ်လ်နာဆာ တိုက်စစ်မှူး ရော်နယ်ဒိုဟာ (၂၀၂၃) ခုနှစ်အတွက် ဝင်‌ငွေအကောင်းဆုံး အားကစားသမားအဖြစ် ဂင်းနစ်စံချိန်မှတ်တမ်း ဝင်သွားခဲ့ပြီဖြစ်ပါတယ်။ အဆိုပါ ပေါ်တူဂီလက်ရွေးစင် အသင်းခေါင်းဆောင်ဟာ တစ်နှစ်အတွင်း အမေရိကန်ဒေါ်လာ (၁၃၆) သန်း ရှာဖွေနိုင်ခဲ့ပါတယ်။



ဒီကိန်းဂဏန်းကိုတော့ (၂၀၂၃) ခုနှစ် မေလ (၁) ရက်နေ့အထိ တစ်နှစ်စာ သတ်မှတ်ပြီး တွက်ချက်ခဲ့တာပါ။ ရော်နယ်ဒိုဟာ ကွင်းတွင်းမှာ အမေရိကန်ဒေါ်လာ (၄၆) သန်း ရှာဖွေနိုင်ခဲ့ပြီး ကွင်းပြင်ပ ဝင်ငွေတွေကတော့ အမေရိကန်ဒေါ်လာ သန်း (၉၀) အထိ ရှိခဲ့ကြောင်း သိရှိရပါတယ်။ ကွင်းတွင်းဝင်ငွေတွေအဖြစ် လစာငွေ၊ အောင်မြင်မှုအတွက် ဆုကြေးနဲ့ အပိုဆုကြေးတို့ ပါဝင်ခဲ့ပါတယ်။


ကွင်းပြင်ပဝင်ငွေအဖြစ်နဲ့ စပွန်ဆာစာချုပ်ချုပ်ဆိုမှု၊ ပုံရိပ်အသုံးပြုခွင့် အစရှိတဲ့အချက်တွေ ပါဝင်ခဲ့ပြီး မက်ဆီကတော့ စုစုပေါင်းဝင်ငွေ အမေရိကန်ဒေါ်လာ သန်း (၁၃၀) သာရှိခဲ့ကြောင်း သိရှိရပါတယ်။ မက်ဆီဟာ ကွင်းတွင်း၊ ကွင်းပြင်ဝင်ငွေတွေအဖြစ် အမေရိကန်ဒေါ်လာ (၆၅) သန်းစီ ရရှိခဲ့ပြီး ရော်နယ်ဒိုထက်တော့ လျော့နည်းခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် မက်ဆီကတော့ လက်ရှိအချိန်မှာ အင်တာမိုင်ယာမီကို ပြောင်းရွှေ့ခဲ့ပြီးဖြစ်တာကြောင့် လာမယ့်နှစ်မှာတော့ တစ်စုံတစ်ရာ အပြောင်းအလဲဖြစ်လာနိုင်ဖွယ်ရှိပါတယ်။ ဒီစာရင်းမှာတော့ ပီအက်စ်ဂျီကြယ်ပွင့် အမ်ဘာပေက အမေရိကန်ဒေါ်လာသန်း (၁၂၀) နဲ့ ရော်နယ်ဒို၊ မက်ဆီတို့ရဲ့နောက်မှာ လိုက်နေပါတယ်။

ရော်နယ်ဒိုတစ်ယောက် အခုလိုမျိုး (၂၀၂၃) ခုနှစ်ရဲ့ ဝင်ငွေအများဆုံး ကစားသမားဖြစ်ခဲ့တာကိုလည်း ဂင်းနစ်စံချိန်ရဲ့ တရားဝင်တွစ်တာအကောင့်မှာ ဖော်ပြထားပါတယ်။ အဆိုပါ တွစ်တာအကောင့်မှာ “ရော်နယ်ဒိုအတွက် နောက်ထပ်မှတ်တမ်းတစ်ခုပါ။ သူက ကမ္ဘာပေါ်မှာ ဝင်ငွေအများဆုံး အားကစားသမားဖြစ်လာခဲ့ပါပြီ” လို့ ရေးသားခဲ့ပါတယ်။ 

Share

Loading Next Article...
က္က