ဟောလိ၀ုဒ်နာမည်ကျော်သရုပ်ဆောင်နဲ့ WWE နပမ်းကစားသမားဟောင်းကြီး Dwayne Johnson (The Rock) က သူဟာ လီယွန်နယ်မက်ဆီက အင်တာမိုင်ယာမီအတွက် ကစားပေးမယ့် ပွဲအားလုံးကို သွားရောက်အားပေးမှာ ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။ The Rock က သူဟာ မက်ဆီရဲ့ အမာခံပရိသတ်လို့ ဝန်ခံလိုက်တာလည်းဖြစ်ပါတယ်။
Albiceleste News ဆိုတဲ့ တွစ်တာစာမျက်နှာမှာ ဖော်ပြထားတာဖြစ်ပြီး မက်ဆီကစားမယ့် ပွဲတွေအားလုံးရဲ့ လက်မှတ်တွေကို သူ ဝယ်ယူထားပြီးပြီလို့လည်း ပြောဆိုခဲ့ပါတယ်။ မက်ဆီကတော့ အင်တာမိုင်ယာမီကို တရားဝင်မရောက်သေးခင်မှာပဲ အသင်းကို တော်တော်လေးအကျိုးရှိနေစေခဲ့ပြီဖြစ်ပါတယ်။
The Rock က "မိုင်ယာမီကို မက်ဆီပြောင်းလာမယ်ဆိုတဲ့ သတင်းက ပြီးခဲ့တဲ့နှစ်တွေအတွင်း ကျနော်ကြားခဲ့ရသမျှ သတင်းတွေထဲမှာ အပျော်ရွှင်ရဆုံးပါပဲ၊ ကျနော် မက်ဆီနဲ့ ရက်သတ္တပတ်တိုင်း သွားတွေ့မှာပါ၊ မက်ဆီကစားမယ့် ပွဲအားလုံးအတွက်လည်း ကျနော် လက်မှတ်တွေဝယ်ထားပြီးပါပြီ"
"တပွဲတလေမှတောင်မှ ကျနော် အလွတ်ခံမှာမဟုတ်ဘူး" လို့ ပြောဆိုခဲ့ကြောင်း ဆိုပါတယ်။ မက်ဆီဟာ လာမယ့်ရက်သတ္တပတ်အတွင်းမှာ အင်တာမိုင်ယာာမီကို အပြီးသတ်ပြောင်းရွှေ့ဖွယ်ရှိကာ ဇူလိုင်လ ၂၁ ရက်နေ့မှာ အသင်းအတွက် ပထမဆုံးပွဲကို ဝင်ရောက်ကစားပေးဖွယ်လည်း ရှိနေတယ်လို့ သိရပါတယ်။