စပိန်အသင်းဟာ ၁၆ သင်းရှုံးထွက်အဆင့်မှာ မော်ရိုကိုအသင်းရဲ့ ပင်နယ်တီ အဆုံးအဖြတ်ကနေ အနိုင်ယူခြင်းကို ခံခဲ့ရပြီးနောက်ကမ္ဘာ့ဖလားကနေ ထွက်ခွာခဲ့ရတာဖြစ်ပြီး မက်ဆီရဲ့ အာဂျင်တီးနားအသင်းကတော့ ယနေ့ည ခရိုအေးရှားနဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားသွားရမှာ ဖြစ်ပါတယ်။

စပိန်နည်းပြဟောင်း လူးဝစ္စ အန်နရီကေးဟာ လီယွန်နယ် မက်ဆီ ကမ္ဘာ့ဖလားကိုင်မြှောက်တာ မြင်ချင်တယ်လို့ နောက်ထပ်တစ်ကြိမ် ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

ဘာစီလိုနာနည်းပြဟောင်းဟာ ကာတာမှာ ကျင်းပနေတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင်လည်း အလားတူ ပြောဆိုခဲ့ဖူးပေမယ့်လည်း အဲဒီတုန်းကတော့ ၎င်းရဲ့ စပိန်အသင်းက ကမ္ဘာ့ဖလားမရခဲ့ရင် အာဂျင်တီးနားတိုက်စစ်မှူးကို ရရှိစေချင်တယ်လို့သာ ပြောခဲ့တာဖြစ်ပါတယ်။ စပိန်အသင်းဟာ ၁၆ သင်းရှုံးထွက်အဆင့်မှာ မော်ရိုကိုအသင်းရဲ့ ပင်နယ်တီ အဆုံးအဖြတ်ကနေ အနိုင်ယူခြင်းကို ခံခဲ့ရပြီေးနာက် ကမ္ဘာ့ဖလားကနေ ထွက်ခွာခဲ့ရတာဖြစ်ပြီး မက်ဆီရဲ့ အာဂျင်တီးနားအသင်းကတော့ ယနေ့ည ခရိုအေးရှားနဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားသွားရမှာ ဖြစ်ပါတယ်။

Twitch မှာ စကားပြောဆိုရာမှာ လူးဝစ္စ အန်နရီကေးက နောက်ထပ်တစ်ကြိမ် ၎င်းရဲ့ ကစားသမားဟောင်း လီယွန်နယ် မက်ဆီကို ယခုနှစ် ကမ္ဘာ့ဖလားကို ရရှိမယ်လို့ ထောက်ခံ ပြောဆိုခဲ့တာဖြစ်ပြီး အာဂျင်တီးနားကြယ်ပွင့်ဟာ ဘောလုံးအတွက် အဓိပ္ပာယ်အများကြီးရှိခဲ့တာကြောင့် အနိုင်ရဖို့ ထိုက်တန်တယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။ "ကျွန်တော် လီယို ကမ္ဘာ့ဖလား ရရှိသွားစေချင်ပါတယ်။ ဘာလို့လဲဆိုတာ့ သူက ဘောလုံးအတွက် အဓိပ္ပာယ်ရှိတဲ့သူဖြစ်နေလို့ပါ"လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်တုန်းက လူးဝစ္စ အန်နရီကေးက Twitch မှာပဲ ၎င်းရဲ့စပိန်အသင်းက ကမ္ဘာ့ဖလားမရရှိခဲ့ဘူးဆိုရင် မက်ဆီကို ရရှိသွားစေချင်တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

"တကယ်လို့ စပိန်သာ ကမ္ဘာ့ဖလားမရဘူးဆိုရင် ကျွန်တော် အာဂျင်တီးနားကို ရသွားစေချင်တယ်။ ဘာလို့လဲဆိုတော့ မက်ဆီကြောင့်ပါ။ မက်ဆီအနေနဲ့ ကမ္ဘာ့ဖလားမရဘဲ အနားယူသွားရမယ်ဆိုရင် တရားမျှတမှာမဟုတ်ပါဘူး"လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

Share

Loading Next Article...
က္က