ပီအက်စ်ဂျီကြယ်ပွင့်ဟာ ဘောလုံးမရှိတဲ့အချိန်မှာ အသင်းကို အကူအညီမပေးနိုင်ဘဲ ၂၀၁၄ ကမ္ဘာ့ဖလားတုန်းက ပင်နယ်တီမှာ ရှုံးနိမ့်ခဲ့မှုကို လက်စားချေချင်တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

အာဂျင်တီးနားဂန္တဝင် ရီကွယ်မီးက ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ လီယွန်နယ် မက်ဆီကို လူးဝစ္စ ဗန်ဟားလ်က ဒေါသထွက်အောင် လုပ်ခဲ့ပြီး ဒေါသထွက်နေတဲ့ အာဂျင်တီးနားကြယ်ပွင့်ကို ထိန်းသိမ်းဖို့က မဖြစ်နိုင်တဲ့ တာဝန်တစ်ခုဖြစ်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ နယ်သာလန်နည်းပြအဖြစ် တာဝန်ယူခဲ့တဲ့ လူးဝစ္စ ဗန်ဟားလ်ဟာ အာဂျင်တီးနားနဲ့ ကွာတားဖိုင်နယ်အဆင့်မှာ မတွေ့ဆုံခင်မှာ လီယွန်နယ် မက်ဆီကို ပြစ်တင်ဝေဖန်မှုတွေ ပြုလုပ်ခဲ့ပြီး ပီအက်စ်ဂျီကြယ်ပွင့်ဟာ ဘောလုံးမရှိတဲ့အချိန်မှာ အသင်းကို အကူအညီမပေးနိုင်ဘဲ ၂၀၁၄ ကမ္ဘာ့ဖလားတုန်းက ပင်နယ်တီမှာ ရှုံးနိမ့်ခဲ့မှုကို လက်စားချေချင်တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ လီယွန်နယ် မက်ဆီက ဗန်ဟားလ်ကို ကွင်းထဲမှာပဲ ပြန်လည် တုံ့ပြန်ခဲ့ပြီး သွင်းဂိုး ၁ ဂိုး ဂိုးဖန်တီးမှု ၁ ကြိမ်ပြုလုပ်နိုင်ခဲ့ပြီး အချိန်ပိုအပြီးမှာ ၂-၂ သရေကျနေခဲ့ပြီးနောက် ပင်နယ်တီ အဆုံးအဖြတ်မှာ အာဂျင်တီးနားအသင်းခေါင်းဆောင်က နောက်ထပ်တစ်ကြိမ် အမှားအယွင်းမရှိ ဂိုးကန်သွင်းပြီး ၄-၃ နဲ့ အနိုင်ရရှိသွားခဲ့တာ ဖြစ်ပါတယ်။

အာဂျင်တီးနားဂန္တဝင် ရီကွယ်မီးက TyC Sports နဲ့ အင်တာဗျူးမှာ အာဂျင်တီးနားနဲ့ နယ်သာလန်ကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်ကို ပြန်လည်ကြည့်ရှုခဲ့ပြီး ဗန်ဟားလ်က မက်ဆီကို သွားဆွခဲ့တာက ရူးမိုက်တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။"ဗန်ဟားလ်က ပွဲမတိုင်ခင် မက်ဆီအကြောင်း ပြောခဲ့တယ်လို့ ကျွန်တော် ထင်တယ်။ ဘောလုံးမှာ မဖြစ်နိုင်တဲ့အရာတွေရှိတယ်။ ခင်ဗျား သူ့ကို ဒေါသထွက်အောင် လုပ်လို့မရနိုင်ဘူး။ အဲဒီအစား သူ့ကို ပွေ့ဖက်တာ၊ နမ်းတာမျိုး လုပ်သင့်တယ်။ အဲဒီလိုဆိုရင် သူက ခင်ဗျားကို အလဲထိုးချင်မှာမဟုတ်ပါဘူး။ အကောင်းဆုံးကစားသမားက ဒေါသထွက်လာရင် ခင်ဗျားမှာ သူ့ကို အနိုင်ယူဖို့ အခွင့်အရေးမရှိတော့ပါဘူး။ အဲဒါကြောင့် ဗန်ဟားလ်ရဲ့ အာဂျင်တီးနားကို စစ်ကြေညာတာက ကျွန်တော်တို့အတွက် အရမ်းကောင်းခဲ့တယ်"

"အဲဒီအပြင် မက်ဆီက ဒေါသထွက်တဲ့အခါမှာ တခြားကစားသမားတွေလို အထုတ်ခံရတာမျိုး မရှိတာကြောင့် သူ့မှာ အားသာချက်ရှိပါတယ်"လို့ ပြောကြားခဲ့ပါတယ်။ လီယွန်နယ် မက်ဆီဟာ ၅၄ မိနစ်မှာ ပင်နယ်တီကနေ နယ်သာလန်အသင်းကို ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် လူးဝစ္စ ဗန်ဟားလ်ရဲ့ရှေ့မှာ ရီကွယ်မီးရဲ့ အောင်ပွဲခံဟန်အတိုင်း နားနှစ်ဖက်ကို စွင့်ထားတဲ့ပုံစံနဲ့ အောင်ပွဲခံပြခဲ့ပြီး အဲဒီအောင်ပွဲခံဟန်ဟာ ရီကွယ်မီးကို ဘာစီလိုနာနည်းပြအဖြစ် ဗန်ဟားလ် တာဝန်ယူကိုင်တွယ်ခဲ့ချိန်တုန်းက မမျှမတဆက်ဆံခဲ့မှုအတွက် ပြန်လည်တုံ့ပြန်ခဲ့တဲ့ အောင်ပွဲခံဟန်အဖြစ် ကမ္ဘာကျော်ခဲ့တာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က