ဗိုလ်လုပွဲမှာ ပြင်သစ်ကို သွင်းယူခဲ့တဲ့ သွင်းဂိုး ၂ ဂိုးအပါအဝင် သွင်းဂိုး ၇ ဂိုးနဲ့ ဂိုးဖန်တီးမှု ၃ ကြိမ်အထိ ပြုလုပ်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။

လီယွန်နယ် မက်ဆီဟာ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီး နားရက်မှာ အနားယူပြီးနောက် ပဲရစ်ကို ပြန်လည် ရောက်ရှိနေပြီဖြစ်ပြီး လေ့ကျင့်ရေးကို ရောက်ရှိလာချိန်မှာ Guard of honour နဲ့ ထိုက်ထိုက်တန်တန် ကြိုဆိုဂုဏ်ပြုခြင်းကို ခံခဲ့ရပါတယ်။

အသက် ၃၅ နှစ်အရွယ် တိုက်စစ်မှူးဟာ ယခုဆောင်းရာသီ ကာတာက ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့တဲ့ အာဂျင်တီးနားရဲ့ ကမ္ဘာ့ဖလားအောင်ပွဲမှာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်ကစားပေးခဲ့သူဖြစ်ပြီး ဗိုလ်လုပွဲမှာ ပြင်သစ်ကို သွင်းယူခဲ့တဲ့ သွင်းဂိုး ၂ ဂိုးအပါအဝင် သွင်းဂိုး ၇ ဂိုးနဲ့ ဂိုးဖန်တီးမှု ၃ ကြိမ်အထိ ပြုလုပ်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။ အာဂျင်တီးနားအသင်းခေါင်းဆောင်ဟာ ပြိုင်ပွဲတလျှောက် အကောင်းဆုံးကစားသမားဆုဖြစ်တဲ့ ရွှေဘောလုံးဆုကို ၂ ကြိမ်အထိ ရရှိခဲ့တဲ့ ပထမဆုံးကစားသမားလည်း ဖြစ်လာခဲ့ပြီး အာဂျင်တီးနားဘဏ္ဍာရေးဝန်ကြီးဌာနကဆိုရင် လီယွန်နယ် မက်ဆီရဲ့ တစ်နိုင်ငံလုံးအပေါ် လွှမ်းမိုးနိုင်စွမ်းကြောင့် ၎င်းရဲ့ ပုံပါဝင်တဲ့ ပီဆို ၁၀၀၀ တန် ငွေစက္ကူပါ ရိုက်နှိပ်ပြီး ဂုဏ်ပြုခဲ့တာဖြစ်ပါတယ်။

မက်ဆီဟာ ကာတာမှာ အာဂျင်တီးနားလက်ရွေးစင်အသင်းအတွက် ပါဝင်ကစားပေးခဲ့ပြီးနောက် ၁၀ ရက် နားရက်ပေးခြင်းခံခဲ့ရပြီး သောကြာနေ့မှာ ရှက်တိုဟုနဲ့ ကစားရမယ့် ပြင်သစ်ဖလားပွဲစဉ်မတိုင်ခင် ယနေ့နံနက်မှာ အသင်းလေ့ကျင့်ရေးကွင်းကို ပြန်လည်ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ ကမ္ဘာ့ဖလားချန်ပီယံ လီယွန်နယ် မက်ဆီ အသင်းကို ပြန်လည်ရောက်ရှိလာမှုကို အမှတ်တရဖြစ်အောင် အသင်းဖော်တွေနဲ့ အသင်းဝန်ထမ်းတွေက Guard of honour နဲ့ ကြိုဆိုခဲ့ကြတာဖြစ်ပြီး ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ အသည်းကွဲခဲ့တဲ့ ပြင်သစ်တိုက်စစ်မှူး ခီလီယန် အမ်ဘာပေကတော့ ပါဝင်ခဲ့ခြင်းမရှိဘူးလို့ L'Equipe က ဖော်ပြခဲ့ပါတယ်။



ပီအက်စ်ဂျီလူစာရင်းထဲက ကစားသမား အများစုဟာ တနင်္ဂနွေနေ့က လွန်းစ်အသင်းကို ၃-၁ နဲ့ စိတ်ပျက်ဖွယ်ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အပြီး နားရက်ပေးခြင်းခံခဲ့ရတယ်လို့ သိရပြီး လီယွန်နယ် မက်ဆီဟာ Guard of honour ကို လက်ခံရရှိပြီးနောက်မှာ ပီအက်စ်ဂျီအသင်းတာဝန်ရှိသူတွေက ကမ္ဘာ့ဖလားကို ရရှိခဲ့တဲ့အတွက် ရွှေသားနဲ့ ပြုလုပ်ထားတဲ့ ဆုတံဆိပ်ကို ချီးမြှင့်ခဲ့ပြီး အာဂျင်တီးနားအသင်းခေါင်းဆောင်က အဲဒီဆုတံဆိပ်နဲ့အတူ ဓာတ်ပုံအရိုက်ခံခဲ့တာဖြစ်ပါတယ်။ အာဂျင်တီးနားအသင်းခေါင်းဆောင်ဟာ ကမ္ဘာ့ဖလားကို ပီအက်စ်ဂျီအသင်းကို ယူဆောင်လာချင်ခဲ့ပြီး အသင်းရဲ့ အိမ်ကွင်းပွဲစဉ်မတိုင်ခင် ပြသထားဖို့ အသင်းကို တောင်းဆိုခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

ဒါပေမယ့်လည်း ပီအက်စ်ဂျီအသင်းဟာ အသင်းပရိသတ်တွေဆီကနေ မမျှော်မှန်းထားတဲ့ နောက်ဆက်တွဲ တုံ့ပြန်မှုတွေကို ကြောက်ရွံ့တာကြောင့် လီယွန်နယ် မက်ဆီရဲ့ တောင်းဆိုမှုကို ခွင့်ပြုခဲ့ခြင်းမရှိဘူးလို့ သိရပါတယ်။

Share

Loading Next Article...
က္က