မက်ဆီအတွက် ဘယ်လိုစတင်ကြိုးပမ်းခဲ့လဲဆိုတာကို ဖွင့်ဟသွားတာပါ။

အင်တာမိုင်ယာမီအသင်းပိုင်ရှင် ဒေးဗစ်ဘက်ခမ်းက သူ့အနေနဲ့ မက်ဆီကို ခေါ်ယူနိုင်ဖို့အတွက် လန်ဒန်မြို့ကနေ ဘာစီလိုနာကို လျှို့ဝှက်ခရီးထွက်ခွာခဲ့ဖူးကြောင်း ဖွင့်ဟခဲ့ပါတယ်။ ဘက်ခမ်းဟာ လက်ရှိနွေရာသီမှာ မက်ဆီကို အင်တာမိုင်ယာမီအသင်းထံ ခေါ်ယူနိုင်ခဲ့ပါပြီ။



ဘက်ခမ်းဟာ အင်တာမိုင်ယာမီနဲ့ အသင်းပိုင်ရှင်ဘဝကို စတင်ကတည်းက မက်ဆီကို ခေါ်ယူဖို့အတွက် အမြဲတမ်း ဆန္ဒရှိခဲ့တာပါ။ သူ့ရဲ့ဆန္ဒက ခက်ခဲမှန်းသိခဲ့သည့်တိုင် တစ်နေ့နေ့မှာ မက်ဆီက သူ့အသင်းမှာ လာကစားမယ်လို့ ယုံကြည်ခဲ့ပါတယ်။

ဘက်ခမ်းက “ကျွန်တော်တို့ လန်ဒန်ကနေ ဘာစီလိုနာကို လေယာဉ်နဲ့ လျှို့ဝှက် ခရီးထွက်ခဲ့ဖူးပါတယ်။ ဟိုတယ်မှာပဲနေပြီး မက်ဆီရဲ့ အဖေလည်းဖြစ်၊ အေးဂျင့်လည်းဖြစ်တဲ့ ဂျော့ချ်မက်ဆီနဲ့လည်း တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ ဒါက ရိုးရိုးရှင်းရှင်းပါပဲ။ ‘တစ်နေ့နေ့ကျရင် ခင်ဗျားရဲ့သားကို ကျွန်တော်တို့အသင်းမှာ ကစားစေချင်တယ်၊ အခုချိန်မှာ မလာနိုင်သေးတာ သိတယ်၊ ဒါပေမယ့် တစ်ရက်ကျရင်တော့ မက်ဆီက မိုင်ယာမီမှာ ကစားချင်မှာပါ’ လို့ ပြောခဲ့ကြပါတယ်”

“ဂျော့ချ်မက်ဆီကလည်း တကယ်ကို အံ့အားသင့်ဖွယ်ကောင်းတဲ့ အလုပ်ကိုလုပ်နိုင်ခဲ့ပါတယ်။ သူက အမေရိကန်နိုင်ငံအတွက် မေဂျာလိဂ်အတွက် အင်တာမိုင်ယာမီအတွက် သိပ်ကောင်းတဲ့အလုပ်ကို လုပ်ပေးနိုင်ခဲ့ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ ဒီဖြစ်ရပ်တွေကတော့ လွန်ခဲ့တဲ့ (၂၀၁၉) ခုနှစ်က ဖြစ်ပျက်ခဲ့တာပါ။

မက်ဆီဟာ အင်တာမိုင်ယာမီအတွက် နှစ်ပွဲ ကစားပြီးချိန်မှာတော့ (၃) ဂိုးသွင်း၊ တစ်ဂိုးဖန်တီးပေးနိုင်ခဲ့ပြီး မိုင်ယာမီမှာ အကောင်းဆုံးအချိန်ကာလတွေကို ပိုင်ဆိုင်နေပြီဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဘက်ခမ်းကတော့ မက်ဆီကို သူ့အသင်းမှာ ခေါ်ထားဖို့ ကာလရှည်အိပ်မက်တွေကို အခုချိန်မှာ လက်တွေ့အသက်သွင်းနိုင်ခဲ့ပြီဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က