ယခုရာသီကုန်မှာ လီဂူးဝမ်းချန်ပီယံတွေကို စွန့်ခွာတော့မှာဖြစ်တယ်လို့ သတင်းဌာနအများအပြားက ဖော်ပြခဲ့ကြတာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ယခုလာမယ့်နွေရာသီအပြောင်းအရွှေ့ကာလမှာ ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်းကုန်ဆုံးပြီး အလွတ်နဲ့ ထွက်ခွာဖို့ များနေတဲ့ လီယွန်နယ် မက်ဆီကို ခေါ်ယူဖို့ ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။

ဘလွန်ဒေါ ၇ ဆုရှင် လီယွန်နယ် မက်ဆီသာ မန်ချက်စတာယူနိုက်တက်အသင်းကို ပြောင်းရွှေ့ခဲ့မယ်ဆိုရင် အိုးထရက်ဖို့ဒ်မှာ ခရစ္စတီယာနို ရော်နယ်လ်ဒို ဝတ်ဆင်ခဲ့တဲ့ ဂန္တဝင် ကျောနံပါတ် ၇ ကို ဆက်ခံခွင့် ရရှိမှာဖြစ်တယ်လို့ El Nacional က ဖော်ပြခဲ့ပါတယ်။

 

လီယွန်နယ် မက်ဆီရဲ့ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်းဟာ ယခုရာသီကုန်မှာ သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး လီဂူးဝမ်းကလပ်အသင်းကြီးက အာဂျင်တီးနားကြယ်ပွင့်ကို စာချုပ်သစ် ချုပ်ဆိုချင်တယ်ဆိုရင် လစာ ၂၅ ရာခိုင်နှုန်းအထိ လျှော့ယူဖို့ တောင်းဆိုထားတယ်လို့ သိရပါတယ်။

လီယွန်နယ် မက်ဆီဟာ ပီအက်စ်ဂျီအသင်းရဲ့ တောင်းဆိုမှုကို လိုက်လျောလိုတဲ့ ဆန္ဒမရှိဘဲ နောက်ဆုံးကစားခဲ့တဲ့ အိမ်ကွင်းပွဲစဉ် ၂ ပွဲစလုံးမှာလည်း ပီအက်စ်ဂျီ ပရိသတ်တွေရဲ့ ပစ်မှတ်ထား လှောင်ပြောင်ခြင်းကို ခံခဲ့ရတာကြောင့် ယခုရာသီကုန်မှာ လီဂူးဝမ်းချန်ပီယံတွေကို စွန့်ခွာတော့မှာဖြစ်တယ်လို့ သတင်းဌာနအများအပြားက ဖော်ပြခဲ့ကြတာဖြစ်ပါတယ်။

 

မန်ချက်စတယူနိုက်တက်က ပီအက်စ်ဂျီအသင်းကနေ ထွက်ခွာမယ့် လီယွန်နယ် မက်ဆီကို ခေါ်ယူဖို့ သတင်းထွက်ပေါ်လာတဲ့ နောက်ဆုံးအသင်းဖြစ်လာခဲ့ပြီး အဲရစ် တန်ဟက်ရဲ့အသင်းဟာ ရုန်းကန်နေရတဲ့ တိုက်စစ်အတွက် ထိပ်တန်း ကစားသမားခေါ်ယူမှုပြုလုပ်ဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။

 

မန်ချက်စတာယူနိုက်တက်ဟာ ဟာရီ ကိန်း၊ ဗစ်တာ အိုဆီမန်တို့လို ကစားသမားတွေနဲ့ သတင်းတွေ ထွက်ပေါ်နေပေမယ့်လည်း လက်ရှိမှာတော့ ဘယ်သူမှ မထင်မှတ်ထားတဲ့ ၂၀၂၂ ကမ္ဘာ့ဖလား ချန်ပီယံကို ခေါ်ယူဖို့ ပစ်မှတ်ထားနေတဲ့သတင်းတွေ ထွက်လာခဲ့တာဖြစ်ပါတယ်။

Share

Loading Next Article...
က္က