မက်ဆီအတွက် လိုလေသေးမရှိ စီစဉ်ပေးထားတာပါ။

အင်တာမိုင်ယာမီဟာ လက်ရှိနွေရာသီမှာ သူတို့ခေါ်ယူထားတဲ့ ကမ္ဘာကျော်ကြယ်ပွင့် မက်ဆီအတွက် အထူးသီးသန့် သက်တော်စောင့်တစ်ယောက်ကို ငှားရမ်းပေးထားကြောင်း သိရှိရပါတယ်။ အင်တာမိုင်ယာမီဟာ မက်ဆီကို မက်လောက်စရာ ကမ်းလှမ်းမှုတွေနဲ့ ဆွဲဆောင်ခဲ့တဲ့ အသင်းတစ်သင်းဖြစ်ပါတယ်။



မက်ဆီရဲ့ဝင်ငွေက မေဂျာလိဂ်မှာ ဘောလုံးကစားရုံတင်မဟုတ်ဘဲ ရုပ်သံလွှင့်ခွင့်လို နေရာမျိုးကနေပါ ရာခိုင်နှုန်းနဲ့ အချိုးကျရရှိနေတာပါ။ ဒါ့အပြင် အမေရိကန်မြေမှာ မက်ဆီအတွက် နေထိုင်ရတာ အစစအရာရာ အဆင်ပြေစေဖို့အတွက်လည်း အင်တာမိုင်ယာမီက စီစဉ်ပေးထားပါတယ်။

အခု နောက်ဆုံး ထင်ရှားလာတဲ့အချက်က မက်ဆီအတွက် စီစဉ်ပေးထားတဲ့ ကိုယ်ရံတော်ပဲဖြစ်ပါတယ်။ အဆိုပါပုဂ္ဂိုလ်ဟာ မက်ဆီနဲ့ အနီးကပ်မှာ အမြဲတမ်း မြင်တွေ့နေခဲ့ရပြီး ကွင်းအတွင်းမှာပါ လိုက်ပါစောင့်ရှောက်နေကြောင်း ဓာတ်ပုံမှတ်တမ်းတွေက ဖော်ပြထားပါတယ်။

မက်ဆီတစ်ယောက် ဂိုးသွင်းအပြီး အသင်းဖော်တွေနဲ့ အောင်ပွဲခံနေချိန်မှာတောင် အဆိုပါကိုယ်ရံတော်ကို ကွင်းဘေးစည်းမှာ မြင်တွေ့ခဲ့ရတာပါ။ မက်ဆီနဲ့ အနီးကပ် တွေ့ဆုံခွင့်ရဖို့ ကွင်းအတွင်း ကျူးကျော်ဝင်ရောက်သူတွေ ရှိလာနိုင်တာကြောင့်လည်း ဒီကိုယ်ရံတော်က မက်ဆီကို အခုလိုမျိုး အနီးကပ် စောင့်ရှောက်ပေးလျက်ရှိနေတာဖြစ်ပါတယ်။

ဒါ့အပြင် မက်ဆီ အသင်းဘတ်စ်ကားပေါ်ကဆင်းလာပြီး ပရိသတ်တွေအတွက် လက်မှတ်ထိုးပေး၊ အမှတ်တရ ဓာတ်ပုံ ရိုက်ကူးပေးနေချိန်မှာတောင် ဒီသက်တော်စောင့်က ပရိသတ်တွေ မက်ဆီကို ထိတွေ့ ပွေ့ဖက်ခွင့်မရအောင်အထိ တင်းတင်းကျပ်ကျပ် စောင့်ကြပ်နေပါတယ်။ ပရိသတ်တွေကတော့ ဒီကိုယ်ရံတော်ဟာ မက်ဆီရဲ့ အာဂျင်တီးနားအသင်းဖော် ရိုဒရီဂိုပေါလ်မရှိချိန်မှာ မက်ဆီရဲ့ ကိုယ်ရံတော်အဖြစ် ဆောင်ရွက်နေတယ်လို့ နောက်ပြောင်နေကြပါတယ်။  

Share

Loading Next Article...
က္က