ပီအက်စ်ဂျီတိုက်စစ်မှူးအတွက်ဆိုရင် အသက်တွေပါ ပေးကြမယ့်သူတွေဖြစ်တယ်လို့ ပြောပြခဲ့ပါတယ်။

အာဂျင်တီးနားလက်ရွေးစင်နည်းပြ စကာလိုနီက ပီအက်စ်ဂျီကြယ်ပွင့်တိုက်စစ်မှူးအပေါ် အာဂျင်တီးနားလက်ရွေးစင်အသင်းဖော်တွေက ဘယ်လိုရှုမြင်ထားလဲဆိုတာကို အတွင်းကျကျ ရှင်းပြသွားခဲ့ပါတယ်။

 

အသက် ၃၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မက်ဆီဟာ ပြီးခဲ့တဲ့ဒီဇင်ဘာလက ကာတာမှာ အာဂျင်တီးနားနဲ့အတူ ကမ္ဘာ့ဖလားကို ကိုင်မြှောက်နိုင်ခဲ့သူဖြစ်ပြီး ပီအက်စ်ဂျီကြယ်ပွင့်ဟာ ၈ ပွဲမှာ သွင်းဂိုး ၇ ဂိုးနဲ့ ဂိုးဖန်တီးမှု ၃ ကြိမ်ပြုလုပ်နိုင်ခဲ့ပြီးနောက် ရွှေဘောလုံးဆုနဲ့ ဂုဏ်ပြုခြင်းခံခဲ့ရတာဖြစ်ပါတယ်။

 

အာဂျင်တီးနားအသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီကို အသင်းဖော်တွေက ဘယ်လောက်အထိ တန်ဖိုးထားကြလဲဆိုတာ ထုတ်ဖော်ပြောကြားခဲ့ပြီး ပီအက်စ်ဂျီတိုက်စစ်မှူးအတွက်ဆိုရင် အသက်တွေပါ ပေးကြမယ့်သူတွေဖြစ်တယ်လို့ ပြောပြခဲ့ပါတယ်။

“သူတို့တွေက လီယိုကို သမိုင်းမှာ အကောင်းဆုံးကစားသမားအဖြစ် မြင်ကြတယ်။ သူ့ကို သူတို့ မြင်ပုံက မက်ဆီအတွက်ဆိုရင် သူတို့အသက်တွေပါ ပေးသွားကြမယ့်ပုံမျိုးပါ။ ဒါက ကွဲပြားခြားနားတဲ့ စိတ်ချင်းဆက်နွယ်မှုတွေပါ။ ဘောလုံးမှာ ဒါက အများကြီး စကားပြောပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

Share

Loading Next Article...
က္က