ဂန္ထဝင်တဦးက အခြားဂန္ထဝင်တဦးကို ချီးမွမ်းခဲ့တာပါ။

တင်းနစ်လောကရဲ့ ဂန္ထဝင်ကစားသမားကြီးတဦးဖြစ်တဲ့ ရော်ဂျာဖက်ဒါရာက လီယွန်နယ်မက်ဆီဟာ မှော်ဆန်လွန်းလို့ ချီးကျူးပြောဆိုလိုက်ပါတယ်။ မက်ဆီဟာ ဘောလုံးကို အနုပညာမြောက်စွာ ကစားနိုင်သူဖြစ်ပြီး နှစ်ပေါင်းများစွာ ဖိအားတွေကို ကြံ့ကြံ့ခံခဲ့ပြီး ပရိသတ်တွေကို အံ့အားသင့်စေခဲ့တယ်လို့ ဖက်ဒါရာက Time Magazine မှာ ရေးသားပြောဆိုခဲ့တာပါ။ 

မက်ဆီကတော့ အင်တာမိုင်ယာမီကို ပြောင်းရွှေ့ခဲ့ပြီးနောက် ခြေစွမ်းပြသခဲ့ကာ ၂၀၂၃ အတွက် တိုင်းမ်မဂ္ဂဇင်းကရွေးချယ်ခဲ့တဲ့ Titan’ section of the magazine’s 100 Most Influential People of 2023 မှာလည်း ပါဝင်ခဲ့ပါတယ်။ 

Grand Slam ချန်ပီယံဆုကို အကြိမ် ၂၀ အထိ ရယူနိုင်ခဲ့တဲ့ ဖက်ဒါရာက "သူနဲ့ ပတ်သက်ပြီး ထူးခြားချက်ကတော့ နှစ်ပေါင်းများစွာကြာအောင် သူ့ရဲ့ တသမတ်တည်း ကြီးမြတ်မှုပါပဲ၊ ဒါကို ထိန်းသိမ်းဖို့က အရမ်းခက်ပါတယ်၊ သူ့ရဲ့ ဘောလုံးနဲ့အတူ ဆွဲပြေးပုံတွေက မှော်ဆန်လွန်းပြီး angular passes တွေက အနုပညာလက်ရာတွေပါပဲ"

"သူ့ရဲ့ သိမြင်မှုနဲ့ ကြိုတင်မျှော်လင့်နိုင်စွမ်းက ဟိုးတဖက်စွန်းကိုတောင် ရောက်နေပါပြီ၊ ကျနော့်ရဲ့ ကစားသမားဘ၀က အခုပဲ ပြီးဆုံးခဲ့တာပါ၊ အဲဒီတောာ့မှ အားကစားသမားတဦး ထမ်းပိုးထားရတာတွေက ဘယ်လောက်တောင်လေးလံလည်းဆိုတာကို သိလာတယ်၊ ဒါပေမယ့် ကျနော်တို့ရဲ့ နေ့စဉ်ဘ၀တွေမှာ ဒါကို သိတောင်မသိလိုက်ရဘူး"

"မက်ဆီလို ကစားသမားတဦးအတွက်ဆိုရင် ပိုပြီးတော့တောင်မှ လေးလံပါလိမ့်မယ်၊ အာဂျင်တီးနားရဲ့ ကမ္ဘာ့ဖလားအောင်ပွဲခံက ခမ်းနားလွန်းပါတယ်၊ ဗြူနိုအေရိစ်မြို့က လမ်းမတွေပေါ်မှာ သန်းနဲ့ချီတဲ့ပရိသတ်တွေ ရောက်လာတာက အံ့မခန်းအခိုက်အတန့်ဖြစ်ပြီး တကမ္ဘာလုံးမြင်တွေ့ခဲ့ရတာပါ၊ ဘောလုံးကို မကြိုက်သူတွေတောင်မှ ဒီအားကစားရဲ့ သက်ရောက်မှုကို သဘောပေါက်ခဲ့ရပါတယ်" လို့ ရေးသားပြောဆိုသွားခဲ့ပါတယ်။ 

Share

Loading Next Article...
က္က