အခုလည်း ပရိသတ်တွေ အောင်ပွဲခံမှုနဲ့ပတ်သက်ပြီး ပြောဆိုခဲ့ပါတယ်။

မက်ဆီနဲ့ ပွဲရှာနေတဲ့ ပီယာ့စ်မော်ဂန်ကတော့ နောက်ထပ်တပွဲ ထပ်ရှာလိုက်ပြန်ပါပြီ။ အာဂျင်တိးနားအသင်း ဗြူနိုအေရိစ်မှာ ကမ္ဘာ့ဖလားနဲ့အတူ လှည့်လည်အောင်ပွဲခံရာမှာ ပရိသတ်ပေါင်း ၄ သန်းအထိ လမ်းမတွေပေါ် ပြည့်လျှံနေတဲ့အထိ အားပေးခဲ့ကြပြီး အသင်းသားတွေနဲ့အတူ အရူးအမူးအောင်ပွဲခံနေတာကို သူက ထပ်ပြိးတော့ ရမယ်ရှာလိုက်တာပါ။ 



ESPN က သူတို့ရဲ့ တွစ်တာစာမျက်နှာမှာ လူပေါင်း ၄ သန်းအထိ မြို့ထဲထွက်ကာ အောင်ပွဲခံတယ်လို့ ရေးသားခဲ့မှုမှာ ပီယာ့စ်မော်ဂန်က "ဘာလို့လဲ၊ အဲဒီမြို့မှာ လူပေါင်း ၁၅ သန်းနေတာလေ၊ ကျန်တဲ့ ၁၄ သန်းက ငါ့လိုပဲ အိမ်ထဲမှာပဲ နေနေကြတာလား၊ သူတို့က မာရာဒိုနာကိုပဲ အာဂျင်တီးနားရဲ့ GOAT လို့ ထင်နေတုန်းပဲလား" လို့ ရေးသားပြောဆိုခဲ့တာပါ။ 



ဒါဟာ မက်ဆီကို GOAT မဟုတ်ဘူးလို့ ကျန်တဲ့ ၁၁ သန်းက ထင်မြင်နေတာလားလို့ သူက မေးခွန်းထုတ်ခဲ့တာဖြစ်သလို ကြံဖန်ပြီးတော့လည်း ထိုးနှက်လိုက်တာဖြစ်ပါတယ်။ ရော်နယ်ဒိုနဲ့ တော်တော်လေးကို ခင်မင်ရင်းနှီးတဲ့ လူပုဂ္ဂိုလ်အဖြစ်နဲ့လည်း လူသိများတဲ့ ပီယာ့စ်မော်ဂန်က မက်ဆီကို မြင်ပြင်းကတ်နေဟန်ရှိပြိး တောက်လျှောက်ဆိုသလို တိုက်ခိုက်နေတာပါ။ 

ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာလည်း အာဂျင်တီးနားတို့ ပြင်သစ်ကို ရှုံးလိမ့်မယ်ဆိုပြီး မော်ဂန်က ရေးသားပြောဆိုခဲ့ပါသေးတယ်။ ရော်နယ်ဒိုရဲ့ အမာခံပရိသတ်အဖြစ်ရှိနေခဲ့တဲ့ မော်ဂန်က မက်ဆီတယောက် ဆုဖလားရရှိသွားတာကိုလည်း မနှစ်မျို့ဟန်ဖြစ်နေပြီး မက်ဆီကို တိုက်ခိုက်ဖို့အတွက် အကွက်ချောင်းမြောင်းနေတာလို့ ပရိသတ်တွေက ပြန်တုံ့ပြန်နေကြပါတယ်။ 


Share

Loading Next Article...
က္က