အယ်လ် ဟီလာလ်အသင်း ကမ်းလှမ်းတဲ့ပမာဏအတိုင်း ပေးချေသွားဖို့ အဆင်သင့်ဖြစ်နေတယ်လို့ သိရပါတယ်။

လီယွန်နယ် မက်ဆီကို အယ်လ် ဟီလာလ်အသင်းက ခေါ်ယူဖို့ ကြိုးပမ်းနေတဲ့ ပြိုင်ပွဲထဲကို အယ်လ် အစ်တီဟတ်အသင်းက ဝင်ရောက်လာတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

နှစ်သင်းစလုံးဟာ လီယွန်နယ် မက်ဆီကို ဥရောပဘောလုံးလောကကို စွန့်ခွာချင်လာအောင် ယူရို ၃၅၀ သန်းနဲ့ ကမ်းလှမ်းလိုတဲ့ဆန္ဒရှိနေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပြီး MARCA ရဲ့သတင်းအရ အယ်လ် နက်ဆာက ရော်နယ်လ်ဒိုကို ခေါ်ယူနိုင်ခဲ့ပြီးနောက် ကလပ်အသင်းတွေက အာဂျင်တီးနားကြယ်ပွင့်ကို ခေါ်ယူဖို့ တန်းစီနေကြတယ်လို့ သိရပါတယ်။ လီယွန်နယ် မက်ဆီကို ခေါ်ယူချင်တဲ့စာရင်းထဲမှာ နောက်ဆုံးပါဝင်လာတဲ့အသင်းကတော့ အယ်လ် အစ်တီဟတ်ဖြစ်ပြီး အယ်လ် ဟီလာလ်အသင်း ကမ်းလှမ်းတဲ့ပမာဏအတိုင်း ပေးချေသွားဖို့ အဆင်သင့်ဖြစ်နေတယ်လို့ သိရပါတယ်။

ပီအက်စ်ဂျီအသင်းဟာ အာဂျင်တီးနားဂန္တဝင်ကို အသင်းမှာ ဆက်လက်ထိန်းသိမ်းထားချင်နေဆဲဖြစ်ပေမယ့်လည်း လီယွန်နယ် မက်ဆီနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့အတွက် သဘောတူညီမှု ရရှိခြင်းမရှိသေးတာ ဖြစ်ပါတယ်။ ပီအက်စ်ဂျီအသင်းဟာ လီယွန်နယ် မက်ဆီရဲ့ စာချုပ်ကို သက်တမ်းတိုးဖို့ ရွေးချယ်စရာ ရှိနေပေမယ့်လည်း လက်ရှိမှာတော့ အာဂျင်တီးနားတိုက်စစ်မှူးဟာ လက်ရှိစာချုပ်သက်တမ်း ၆ လအေက်သာ ကျန်ရှိတော့တာကြောင့် ကြိုက်တဲ့အသင်းနဲ့ ဆွေးနွေးညှိနှိုင်းခွင့် ရရှိနေပြီဖြစ်ပြီး ဘာစီလိုနာ၊ အင်တာ မိုင်ယာမီအသင်းတို့က လီယွန်နယ် မက်ဆီကို ခေါ်ယူချင်နေကြတာ ဖြစ်ပါတယ်။


ဒါပေမယ့်လည်း အယ်လ် ဟီလာလ်နဲ့ အယ်လ် အစ်တီဟတ်တို့က ပြုလုပ်ခဲ့တဲ့ ကမ်းလှမ်းမှုအတိုင်း ထပ်တူကမ်းလှမ်းနိုင်မယ့် အနေအထားမျိုးတော့ မရှိတာဖြစ်ပါတယ်။

Share

Loading Next Article...
က္က