လိဂ်ဖလား ၁၆ သင်းအဆင့်ပွဲအဖြစ် ကစားရမှာပါ။

အင်တာမိုင်ယာမီနဲ့ ရင်ဆိုင်ရတော့မယ့်ပွဲမှာ မက်ဆီကို ဘယ်လိုတားဆီးမယ်ဆိုတာကို ဒဲလက်စ်နည်းပြနီကိုလပ်စ်အက်စတီဗက်ဇ်က ဖွင့်ဟသွားခဲ့ပါတယ်။ လိဂ်ဖလား ၁၆ သင်းအဆင့် ပွဲစဉ်အဖြစ် ရင်ဆိုင်ရမှာဖြစ်ပြီး ဒဲလက်စ်ဟာ အင်တာမိုင်ယာမီအတွက် ၃ပွဲကစားအပြီး ၅ ဂိုးသွင်းယူထားတဲ့ မက်ဆီကို တားဆီးနိုင်ဖို့အတွက် အဓိကထားကြိုးစားသွားရမှာလည်း ဖြစ်ပါတယ်။ 


မက်ဆီကတော့ အင်တာမိုင်ယာမီကိုရောက်ကတည်းက ခြေစွမ်းပြသနေခဲ့တာပါ။ လက်ရှိမှာဆိုရင်လည်း ဘာကာအသင်းဟောင်းဟောင်း ဘက်ကွက်စ်နဲ့ အယ်လ်ဘာတို့နဲ့အတူ တွဲကစားနေရပြီး တေလာ၊ မာတီနက်င်္ဇတို့လည်းနဲ့လည်း အတွဲအဖက်ညီနေပြီး အသင်းတိုက်စစ်ကို ဦးဆောင်ပေးနေကာ သူရောက်လာပြီးကတည်းက အင်တာမိုင်ယာမီက တပွဲကို ၂ဂိုးနှုန်း သွင်းယူနေခဲ့ပါတယ်။ 

အက်စတီဗက်ဇ်က "မေဂျာလိဂ်မှာ သောင်းကျန်းနေတဲ့ မက်ဆီရဲ့ ဇာတ်လမ်းတွေကို အဆုံးသတ်ဖို့ ကျနော်တို့ ကြိုးစားသွားမှာပါ၊ လာမယ့်ပွဲအတွက် ကျနော်တို့ စိတ်လှုပ်ရှားနေပြီး စောင့်မျှော်နေပါတယ်၊ သူ့အသက် ၁၆ နှစ်ကတည်းက ကျနော် သိခဲ့ပြီး ဘာစီလိုနာမှာ သူကစားနေကတည်းက တွေ့ခဲ့တာပါ၊ သူ အအေးမိပြီးတော့ ခရီးမထွက်နိုင်ရင် အဲဒါက သူ့ကို တားဆီးနိုင်မယ့် အကောင်းဆုံးနည်းလမ်းဖြစ်ပါလိမ့်မယ်"


"ဂွာဒီယိုလာ တခါပြောဖူးတာရှိပါတယ်၊ မက်ဆီကစားနေတဲ့ အသင်းက အမြဲတမ်း ရေပန်းစားနေတယ်ဆိုတာပါ၊ ကျနော်တို့ တိုက်စစ်ကစားသွားမယ်၊ မက်ဆီကို ဘောလုံးမရအောင် တတ်နိုင်သမျှ လုပ်သွားမယ်၊ အတူတူအလုပ်လုပ်ပြီးတော့ ဘယ်လိုနေရာလွတ်မဆို သူ မရအောင် ပိတ်ဆို့သွားမယ်၊ တကယ်ပြောတာပါ၊ သူ့ကို တားဆီးဖို့ အကောင်းဆုံးနည်းလမ်းက ကျနော်တို့ တိုက်စစ်ဆင်ကစားသွားဖို့ပါပဲ" လို့ ပြောဆိုသွားခဲ့ပါတယ်။ 

အင်တာမိုင်ယာမီကတော့ မက်ဆီမရောက်လာခင်မှာ နိုင်ပွဲပျောက်နေတာ ကာလရှည်ကြာနေပြီး သူ ရောက်လာပြီးနောက် ၃ပွဲဆက်အနိုင်ရပြီး ဂိုးတွေလည်း အများကြီးသွင်းယူနိုင်ခဲ့ကာ လမ်းကြောင်းမှန်ပေါ် ပြန်ရောက်နေတဲ့ အသင်းဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က