မိသားစုကိုပါ အသက်အန္တရာယ်ခြိမ်းခြောက််ခံနေရတာပါ။

ပါရာဂွေးလက်ရွေးစင် ဆာနာဘီးယားက အာဂျင်တီးနားနဲ့ ကစားခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ပြိုင်ဘက်ကစားသမား မက်ဆီကို တံတွေးနဲ့ ထွေးခဲ့တာမျိုး မရှိကြောင်း ဖြေရှင်းလာပါတယ်။ အဆိုပါပွဲမှာ ရုပ်သံမှတ်တမ်းတွေအရ ဆာနာဘီးယားက မက်ဆီကို တံတွေးနဲ့ ထွေးခဲ့တယ်လို့ ပရိသတ်တွေက စွပ်စွဲနေကြတာပါ။



မက်ဆီက ကျောပေးလျက်အနေအထားမျိုးရှိနေချိန်မှာ ဆာနာဘီးယားက မက်ဆီရှိရာဘက်ကို တံတွေးနဲ့ ထွေးခဲ့တာဖြစ်ပြီး ဒါကို မှတ်တမ်းဓာတ်ပုံတွေမှာလည်း မြင်တွေ့ခဲ့ရပါတယ်။ မက်ဆီကတော့ ပွဲအပြီးမှာ “အမှန်အတိုင်းပြောရရင် ကျွန်တော် ဆာနာဘီးယားကို ဘယ်သူမှန်းတောင် မသိပါဘူး”​
“သူ့ကို မြင်လည်း မမြင်ဖူးပါဘူး။ ကျန်တဲ့သူတွေ လာပြောမှပဲ သိခဲ့တာပါ” လို့ ပြောကြားခဲ့ပါတယ်။ ဒီဖြစ်ရပ်ကြောင့် ဆာနာဘီးယားရဲ့ မိသားစုအပေါ် အသက်အန္တရာယ်ခြိမ်းခြောက်မှုတွေရှိနေပြီး ကာယကံရှင်ကိုယ်တိုင်ကလည်း မက်ဆီကို တံတွေးနဲ့ မထွေးခဲ့ကြောင်း ဖြေရှင်းလာခဲ့ပါတယ်။
ဆာနာဘီးယားက “မနေ့ညက ဖြစ်ပျက်ခဲ့တာတွေနဲ့ ပတ်သက်ပြီး ဖြေရှင်းဖို့၊ ငြင်းဆန်ဖို့ တာဝန်ရှိတယ်လို့ ကျွန်တော် ထင်ပါတယ်။ အခု ကျွန်တော့် မိသားစုက အသက်အန္တရာယ်ခြိမ်းခြောက်မှုပေါင်းများစွာနဲ့ ရင်ဆိုင်နေရပါပြီ။ ကျွန်တော့်အနေနဲ့ လုပ်ဖော်ကိုင်ဖက်ပဲဖြစ်ဖြစ်၊ အခြားဘယ်သူ့ကိုပဲဖြစ်ဖြစ် လေးစားမှုမရှိတာမျိုး မလုပ်ဖူးပါဘူး”
“ကျွန်တော့်သမီးတွေကို ကျွန်တော် ဘယ်လိုပုံစံမျိုးနဲ့ ဥပမာသွားပေးလို့ရမှာလဲ။ ခင်ဗျားတို့ ပုံအားလုံးကို ကြည့်ဖို့ ကျွန်တော် ပြောချင်ပါတယ်။ မက်ဆီနဲ့ ဘာပြဿနာမှမဖြစ်ခဲ့သလို ဒါက ကျွန်တော် ကိုယ့်ဘာသာ တံတွေးထွေးခဲ့တာပါ။ ဒါက အဝေးကြီးဖြစ်ပြီး မက်ဆီကို ကျွန်တော် တံတွေးနဲ့ မထွေးခဲ့ပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။

Share

Loading Next Article...
က္က