အသင်းကစားသမားကို ဝေဖန်နေတဲ့အပေါ် ကာကွယ်ပြောဆိုခဲ့တာပါ။

ပီအက်စ်ဂျီအသင်းအားကစားဒါရိုက်တာလီယိုနာဒိုက ဘောလုံးပိုင်ဆိုင်မှုမရှိချိန်မှာ မက်ဆီက ကြိုးစားအားထုတ်မှုမရှိဘူးဆိုတဲ့ ဝေဖန်မှုတွေကို တုံ့ပြန်လိုက်ပြီး အာဂျင်တီးနားသားဟာ ပီအက်စ်ဂျီမှာ အံ့အားသင့်ဖွယ်ရာစတင်နိုင်ခဲ့တယ်လို့ ကာကွယ်ပြောဆိုလိုက်ပါတယ်။ အသက် ၃၄ နှစ်အရွယ် မက်ဆီဟာ ဘာစီလိုနာကနေ ပြောင်းရွှေ့လာခဲ့ပြီးနောက် ပီအက်စ်ဂျီမှာ အထိုင်ကျဖို့ ရုန်းကန်ခဲ့ရပါတယ်။ 



မက်ဆီက လက်ရှိမှာ လိဂ်ဂိုး ၁ ဂိုးတည်းသာ ရရှိထားပြီး ချန်ပီယံလိဂ်မှာတော့ ၅ ဂိုးအထိ သွင်းယူပေးထားနိုင်ခဲ့ပါတယ်။ ဒီနှစ်ရဲ့ ဘလွန်းဒီအောဆုရှင်ဟာ ထင်မှတ်ထားသလောက် ခြေစွမ်းမပြနိုင်ခဲ့သလို မန်စီးတီးကို အရေးနိမ့်ခဲ့တဲ့ပွဲမှာ ဘောလုံးလိုက်လံလုယူခြင်းမရှိဘဲ ကွင်းလယ်မှာ လမ်းလျှောက်နေခဲ့တယ်လို့ ဝေဖန်ပြစ်တင်ခံခဲ့ရသူလည်းဖြစ်ပါတယ်။ 

လီယိုနာဒိုက "မက်ဆီက ကျနော်အတွက်တော့ အငြင်းပွားစရာမရှိပါဘူး၊ မက်ဆီအကြောင်း ခင်ဗျားပြောမယ်လို့ ဟန်ပြင်ကတည်းက ခင်ဗျားက ဘောလုံးအကြောင်းဘာမှနားမလည်သူပါပဲ၊ ကျနော်တို့ သူ့အပေါ် ဘာသံသယမှမရှိပါဘူး၊ မက်ဆီရဲ့ ကိန်းဂဏန်းတွေကို ကြည့်လိုက်ပါ၊ ပထမဆုံး ၆ လမှာ အံ့အားသင့်ဖွယ်ရာပါပဲ၊ သူနဲ့ ဘတ်ပီက အသင်းရရှိခဲ့တဲ့ ဂိုးအားလုံးနီးပါးမှာ ပူးပေါင်းပါဝင်ခဲ့ကြပါတယ်၊ သူက အဆုံးအဖြတ်ပေးတဲ့ ကစားသမားပါ"

"မက်ဆီက ပွဲတိုင်းမှာ ၁၂ ကီလိုလောက် ပြေးလွှားနေတယ်လို့ ဘယ်သူကပြောတာလဲ၊ သူက နှစ်ပေါင်း ၂၀ လောက် ဒီအတိုင်းပဲ ကစားလာခဲ့တာပါ၊ သူ့ဘေးမှာ တခြားကစားသမားတွေရှိတဲ့အခါ သူ ပြောင်းလဲကစားတယ်၊ အထိုင်ကျအောင်လည်း သူ လုပ်နိုင်တယ်၊ ဘာလို့လဲဆိုတော့ သူက ပါရမီရှင်ကစားသမားမို့လို့ပါ၊ ပြီးတော့ ကျနော်တို့မှာ ပိုင်ဆိုင်ထားတဲ့ တခြားပါရမီရှိတဲ့ ကစားသမားတွေကလည်း သူနဲ့လိုက်လျောညီထွေဖြစ်အောင် ကြိုးစားနေပါတယ်" လို့ ပြောဆိုခဲ့ပါတယ်။ 


Share

က္က