ဆော်ဒီနည်းပြကတော့ အာဂျင်တီးနားလူမျိုးဖြစ်ပါတယ်။

ဒီနေ့မှာ အာဂျင်တီးနားနဲ့ ခြေစမ်းပွဲကစားရမယ့် ဆော်ဒီအသင်းရဲ့ နည်းပြ ရိုဒေါလ်ဖိုအာရူဘာရီနာက ဒီပွဲဟာ သူ့အသင်းရဲ့ အနာဂတ်ရည်မှန်းချက်တွေအတွက် အရေးပါတဲ့ပွဲဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။ ဒါ့အပြင် သူ့ရဲ့ ကစားသမားတွေကိုလည်း ဒီပွဲမှာအာဂျင်တီးနားကစားသမားတွေ ထိခိုက်ဒဏ်ရာရရှိစေမယ့် ပုံစံမျိုးမကစားဖို့လည်း မှာကြားထားတယ်လို့ သတင်းတွေထွက်နေပါတယ်။ 

အာဂျင်တီးနားက ဒိုဟာကိုမထွက်ခွာခင် ကစားမှာဖြစ်ပြီး သတင်းဌာနတွေမှာတော့ အာဂျင်တီးနားသားဖြစ်တဲ့ အရူဘာရီနာက မက်ဆီကို လွတ်လွတ်လပ်လပ်ကစားစေဖို့အတွက် အသင်းသားတွေကို မှာကြားထားတယ်ဆိုတာကို ဖော်ပြနေကြပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီး အာရူဘာရီနာက "အဲဒါတွေက ဟာသတွေပါ၊ လွဲမှားတဲ့အဓိပ္ပာယ်ဖွင့်ဆိုမှုတွေလို့လည်း ပြောနိုင်သလို ဟာသလည်းဖြစ်ပါတယ်၊ ဒါက အရေးပါတဲ့ပွဲဆိုတာကို ကျနော်တို့သိထားပါတယ်" လို့ ဆိုပါတယ်။ 

"ပထမဆုံးအနေနဲ့ ကစားသမားတွေကို ဒီပွဲကစားဖို့ အရမ်းအရေးကြီးတယ်လို့ ပြောထားပြီး သတိထားဖို့မှာထားတာမျိုးတော့မရှိပါဘူး၊ အားလုံး ပျော်ပျော်ရွှင်ရွှင်ကစားပြီး ထိခိုက်ဒဏ်ရာမရှိဖို့တော့ မျှော်လင့်ပါတယ်၊ အာဂျင်တီးနားက ဖြစ်နိုင်သမျှအကောင်းဆုံးနည်းနဲ့ ဆက်သွားမှာပါ၊ အာဂျင်တီးနားသားတယောက်အနေနဲ့ ကျနော်ကတော့ ဒါပဲလိုချင်တယ်"

"ကျနော်တို့က ကမ္ဘာ့အကောင်းဆုံးကစားသမားတချို့နဲ့ ကစားရမှာဖြစ်ပြီး ကျနော့်ကစားသမားတွေကလည်း သူတို့ရဲ့ ပရိသတ်တွေပါ၊ ကြာသပတေးနေ့ကစပြီး အာဂျင်တီးနားအတွက် ကျနော်က နံပါတ်တစ်ပရိသတ်ပဲ၊ ဒါပေမယ့် အခုတော့ ဆော်ဒီအတွက် ကျနော်အလုပ်လုပ်နေပြီး ကမ္ဘာ့အကောင်းဆုံးအသင်းတသင်းနဲ့ ရင်ဆိုင်ရတဲ့ အတွေ့အကြုံတွေကို ရယူသွားမှာပါ" လို့ ပြောဆိုခဲ့ပါတယ်။ 


Share

Loading Next Article...
က္က