မျှော်မှန်းထားတာရဲ့ ၅ ရာခိုင်နှုန်းသာ ရရှိမယ်လို့ ကမ်းလှမ်းခြင်းခံံခဲ့ရတာဖြစ်ပါတယ်။

ဂွန်ဇာလို မွန်တီရယ်က ဟူဂို လိုရစ် မကာကွယ်နိုင်ခဲ့တဲ့ ပင်နယ်တီကို ကန်သွင်းလိုက်တဲ့အချိန်မှာ အာဂျင်တီးနားအသင်းတစ်သင်းတည်းသာ အောင်ပွဲခံခဲ့တာမဟုတ်ဘဲ အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးလည်း အပါအဝင်ဖြစ်ခဲ့ပါတယ်။

လီယန် မန်နီဖိုလို့ အမည်ရတဲ့ ပြုပြင်ထိန်းသိမ်းရေး အင်ဂျင်နီယာဟာ ကမ္ဘာ့ဖလားပြိုင်ပွဲအစမှာ အာဂျင်တီးနားက ဗိုလ်လုပွဲမှာ ပြင်သစ်ကို အနိုင်ယူပြီး လီယွန်နယ် မက်ဆီက ရွှေဘောလုံး ရရှိသွားလိမ့်မယ်လို့ မှန်ကန်စွာ ခန့်မှန်းခဲ့ပြီး ၁၀ ပေါင် လောင်းကြေးထပ်ခဲ့ပြီး မှန်ကန်ခဲ့ရင် ပေါင် ၁၅၀၀၀ ရရှိမယ်လို့ ယူဆခဲ့တာဖြစ်ပါတယ်။ အာဂျင်တီးနားက အမှန်တကယ်လည်း ကမ္ဘာ့ဖလား ရရှိခဲ့သလို လီယွန်နယ် မက်ဆီကလည်း ရွှေဘောလုံးဆုရရှိခဲ့ပြီးနောက် နောက်တနေ့မှာ ၎င်းရဲ့ ကြီးမားတဲ့ အနိုင်လောင်းကြေးငွေကို ရယူဖို့ လောင်းကစားဒိုင်ကို သွားခဲ့ချိန်မှာတော့ ၎င်းရဲ့ လောင်းကြေးဟာ အကျုံးမဝင်ဘဲ မျှော်မှန်းထားတာရဲ့ ၅ ရာခိုင်နှုန်းသာ ရရှိမယ်လို့ ကမ်းလှမ်းခြင်းခံံခဲ့ရတာဖြစ်ပါတယ်။

"ကျွန်တော် လောင်းကြေးအနိုင်ရတဲ့ငွေထုတ်ဖို့ သွားခဲ့ပြီး သူတို့ပြောတာက အဲဒီလောင်းကြေးထပ်မှုက စာရင်းသွင်းထားတာမရှိဘူးလို့ ပြောခဲ့ပြီး ပေါင် ၆၆၀ ပေးမယ်လို့ ကမ်းလှမ်းခဲ့ပါတယ်"လို့ ပြောကြားခဲ့ပါတယ်။ လီယန်ဟာ အနိုင်ရရှိတဲ့လောင်းကြေးငွေတွေနဲ့ မသန်စွမ်းဖြစ်နေတဲ့ ဖခင်ကို ရွေ့လျားစကူတာအသစ် ဝယ်ပေးဖို့ စီစဉ်ထားခဲ့တာဖြစ်ပြီး ကျန်တဲ့ပိုက်ဆံတွေကို အနာဂတ်အတွက် ချန်ထားဖို့ အိပ်မက် မက်ထားခဲ့တာဖြစ်ပါတယ်။


လီယန်ရဲ့ အလောင်းအစားစလစ်ကို နိုဝင်ဘာလတုန်းက လောင်းကစားရုံရဲ့ဝန်ထမ်းက ပျော်ပျော်ရွှင်ရွှင်နဲ့ လက်ခံခဲ့ပေမယ့်လည်း ၎င်းရဲ့လောင်းကြေးထည့်ထားတဲ့အချက်တွေဟာ အလွန်နီးစပ်နေတဲ့အကြောင်းအရာတွေဖြစ်တယ်လို့ ပြောကြားခြင်းခံခဲ့ရပါတယ်။ Coral လောင်းကစားလုပ်ငန်းရဲ့ ပြောရေးဆိုခွင့်ရှိသူက "ဒီဖြစ်စဉ် ၃ ခု(ကြေးဖွင့်ထားတဲ့အကြောင်းအရာ)အားလံုံးက တစ်ခုနဲ့တစ်ခု အရမ်းဆက်စပ်နေတယ်။ အဲဒီတော့ တစ်ခုချင်းစီအတွက် ကမ်းလှမ်းထားတဲ့ တန်ဖိုးက တစ်ခုထက်ပိုတဲ့လောင်းကြေးထပ်မှုထဲမှာ မပါဝင်နိုင်ပါဘူး"

"အာဂျင်တီးနားနဲ့ ပြင်သစ်တို့ ဗိုလ်လုပွဲတက်နိုင်ရင် အာဂျင်တီးနား ဗိုလ်စွဲနိုင်တဲ့ 'ဆ'က အများကြီး ပိုနည်းသွားမယ်ဆိုတာ ရှင်းပါတယ်။ အာဂျင်တီးနားက ကမ္ဘာ့ဖလားကို ရသွားခဲ့ရင် မက်ဆီက ပြိုင်ပွဲရဲ့အကောင်းဆုံးကစားသမားဖြစ်ဖို့ အခွင့်အရေးကလည်း များသွားမယ်။ အဲဒီတော့ ကျွန်တော်တို့ လောင်းကြေးကို တတ်နိုင်သမျှ အမျှတဆုံးဖြစ်အောင် ပေးချေခဲ့ပါတယ်။ အကြီးမားဆုံးတန်ဖိုးနဲ့ အလျော်ပေးခဲ့ပါတယ်။ စလစ်ပေါ်မှာ ရေးထားတဲ့ ပမာဏက ကာစတမ်မာက ရေးထားတာဖြစ်ပြီး ဝန်ထမ်းက ရေးထားတာမဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ စည်းကမ်းချက်တွေအတိုင်းပဲ လောင်းကြေးတွေကို အလျော်ပေးခဲ့ပါတယ်။ ကျွန်တော်တို့ အလျော်ပေးတဲ့နေရာမှာ အရမ်းကို မျှတပြီး ရက်ရောတဲ့ကမ်းလှမ်းမှုပြုလုပ်ခဲ့တာပါ"လို့ ပြောကြားခဲ့ပါတယ်။


လီယန်ဟာ အဲဒီရှင်းလင်းချက်ကို မကျေနပ်တဲ့အတွက် လွတ်လပ်တဲ့ စောဒကတက်မှုှုတွေကို ဖြေရှင်းပေးတဲ့ ကော်မတီကနေ တဆင့် လောင်းကြေးကို အပြည့်အဝရရှိဖို့ ကြိုးပမ်းနေပြီဖြစ်ပါတယ်။

Share

Loading Next Article...
က္က