မက်ဆီမပါတဲ့ ပီအက်စ်ဂျီဟာ မိုနာကိုကို ၃-၀ နဲ့ အရေးနိမ့်ခဲ့ပါတယ်။

မိုနာကိုကို ၃ ဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့ပြီးနောက် ပီအက်စ်ဂျီအသင်းပရိသတ်တွေကို နာမည်ကျော်တိုက်စစ်မှူးဟောင်းအွန်နရီက ထိုးနှက်မှုတွေပြုလုပ်လိုက်ပါတယ်။ ပြီးခဲ့တဲ့တပတ်မှာ မက်ဆီနဲ့ နေမာတို့ ဘောလုံးထိတိုင်း လှောင်ပြောင်ခဲ့တာကို အွန်နရီက ပြန်လည်ပြီး လှောင်ပြောင်ပြောဆိုလိုက်တာဖြစ်ပြီး မက်ဆီမရှိချိန်မှာ နားလည်ပြီမဟုတ်လားလို့ ဆိုပါတယ်။ 

မနေ့က ကစားခဲ့တဲ့ပွဲမှာ ပီအက်စ်ဂျီအတွက် မက်ဆီမပါဝင်ခဲ့သလို အသင်းကလည်း ဂိုးမသွင်းနိုင်ခဲ့ဘဲ အရေးနိမ့်ခဲ့ရပါတယ်။ သူတို့အတွက်တော့ လီဂူးမှာ အဝေးကွင်း ၃ ပွဲဆက်တိုက်ရှုံးနိမ့်မှုဖြစ်လာခဲ့ကာ နာမည်ကျော်ကစားသမားအများအပြားကို ပိုင်ဆိုင်ထားပါလျက်နဲ့ အခုလိုရှုံးနိမ့်မှုတွေက အရှက်တကွဲအကျိုးနည်းဖြစ်ခဲ့ရသလို အသင်းတွင်းပြသနာတွေကလည်း မေးခွန်းထုတ်စရာအဖြစ် ရှိနေခဲ့ပါတယ်။ 

အွန်နရီက "ပြီးခဲ့တဲ့တပတ်တုန်းက ပီအက်စ်ဂျီပရိသတ်တွေက မက်ဆီနဲ့ နေမာ ဘောလုံးထိတိုင်း အော်ဟစ်လှောင်ပြောင်ခဲ့တယ်၊ ထာ၀ရအကောင်းဆုံးကစားသမားတဦးကို သူတို့ ဘယ်လိုများလှောင်ပြောင်နိုင်ပါလိမ့်၊ မက်ဆီက ပြင်သစ်လီဂူးမှာ ဂိုးအများဆုံးဖန်တီးပေးထားတဲ့ ကစားသမားမဟုတ်ဘူးလား၊ မနေ့က သူမပါတဲ့အသင်းက ဖန်တီးမှုတောင်မရှိတော့ဘူး" လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။ 

မက်ဆီဟာ ဒီရာသီမှာ သွင်းဂိုးထက် ဖန်တီးမှုတွေကို ပိုလုပ်ပေးထားတဲ့ ကစားသမားဖြစ်ပါတယ်။ ရီးရဲလ်ကို အရေးနိမ့်ပြီး ချန်ပီယံလိဂ်ကနေ ထွက်ခွာခဲ့ရပြီးနောက် ပရိသတ်တွေက မက်ဆီနဲ့နေမာကို ပစ်မှတ်ထားလှောင်ပြောင်ခဲ့တာပါ။ မနေ့ကပွဲမှာ မက်ဆီက တုပ်ကွေးကြောင့် ပါဝင်ကစားပေးနိုင်ခြင်းမရှိခဲ့ဘဲ ပီအက်စ်ဂျီက ရုပ်ပျက်ဆင်းပျက်အရေးနိမ့်ခဲ့တာလည်းဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က