ဘရန့်ဖို့ဒ်မှာ အငှားဆက်ချထားလိုက်တာပါ။

အင်တာမိုင်ယာမီအသင်းပိုင်ရှင်တစ်ယောက်ဖြစ်တဲ့ ‌ဒေးဗစ်ဘက်ခမ်းဟာ သူ့ရဲ့သားဖြစ်သူ ရိုမီယိုဘက်ခမ်းကို ဘရန့်ဖို့ဒ်မှာ ဆက်လက်ကစားစေဖို့ ခွင့်ပြုပေးလိုက်ကြောင်း သိရှိရပါတယ်။ ရိုမီယိုဟာ ဘရန့်ဖို့ဒ်ကို ပြီးခဲ့တဲ့ ဆောင်းရာသီမှာ အငှားနဲ့ ပြောင်းရွှေ့ကစားခဲ့ပြီး လာမယ့်ရာသီမှာလည်း အဆိုပါ ပရီးမီးယားလိဂ်အသင်းမှာသာ ဆက်ကစားသွားမယ်လို့ သိရှိရပါတယ်။



အသက် (၂၀) အရွယ် အဆိုပါ တိုက်စစ်ကစားသမားဟာ ဘရန့်ဖို့ဒ်အရန်အသင်းမှာ ကစားခဲ့တာဖြစ်ပြီး သူ့ရဲ့ခြေစွမ်းကို အင်္ဂလန်ကလပ်ဘက်က သ‌ဘောကျ နှစ်ခြိုက်ခဲ့ကြပါတယ်။ အဲ့ဒါကြောင့်လည်း ဒီကစားသမားအတွက် နောက်ထပ်တစ်နှစ် ခေါ်ယူဖို့ ကြိုးစားခဲ့ကြပြီး အင်တာမိုင်ယာမီဘက်ကလည်း ခွင့်ပြုခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဘက်ခမ်းက သူ့ရဲ့သားကို အပြီးသတ်ရောင်းချခဲ့တာမျိုး မဟုတ်ဘဲ တစ်နှစ်စာချုပ်နဲ့သာ ထပ်မံအငှားချခဲ့တာဖြစ်ပါတယ်။ ဘရန့်ဖို့ဒ်အနေနဲ့လည်း ရိုမီယိုကို နောက်ထပ်တစ်နှစ် ခေါ်ယူခဲ့တဲ့အတွက် အငှားခေါ်ယူကြေးကို တိုးမြှင့်ပေးချေရမှာ မဟုတ်ဘဲ မူလပမာဏအတိုင်းသာ ပေးချေရမယ်လို့ သိရှိရပါတယ်။

အဲ့ဒါကြောင့်လည်း ရိုမီယိုအနေနဲ့ အင်တာမိုင်ယာမီမှာ မက်ဆီနဲ့ တွဲကစားခွင့်ရရှိတော့မှာ မဟုတ်ပါဘူး။ မက်ဆီဟာ ပီအက်စ်ဂျီနဲ့ စာချုပ်ဖျက်သိမ်းခဲ့ပြီးနောက် အင်တာမိုင်ယာမီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ သူ့ကို ခေါ်ယူဖို့အတွက် ဘက်ခမ်းက အရင်ကတည်းက စိတ်ဝင်စားခဲ့တာဖြစ်ပြီး ဒီနွေမှာတော့ လက်တွေ့ အကောင်အထည်ပေါ်လာခဲ့တာပါ။

မက်ဆီဟာ လက်ရှိအချိန်အထိတော့ အင်တာမိုင်ယာမီအတွက် တစ်ပွဲမှ ပါဝင်ကစားပေးရသေးခြင်း မရှိပါဘူး။ ဒါပေမယ့်လည်း ဘက်ခမ်းကိုယ်တိုင်ကတော့ မက်ဆီ အသင်းမှာ ရှိနေသည့်တိုင် သူ့ရဲ့သားဖြစ်သူကို ဘရန့်ဖို့ဒ်မှာ ဆက်လက်ကစားဖို့ ခွင့်ပြုပေးခဲ့တာကြောင့် ရိုမီယိုတစ်ယောက် သူ့ရဲ့ ကစားသမားဘဝအတွက် မဟာအခွင့်အရေးကြီးနဲ့ လွဲချော်ခဲ့ရတယ်လို့ ပရိသတ်တွေက သုံးသပ်နေကြပါတယ်။  


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က