မက်ဆီကစားတာကို မကြည့်ရတာ ကြာတဲ့နောက် ဆန္ဒပြခဲ့တာပါ။

မက်ဆီ မကစားပေးနိုင်သေးတဲ့ အင်တာမိုင်ယာမီကတော့ ဒီမနက်မှာလည်း ဂိုးပြတ်ရှုံးပွဲကို ရင်ဆိုင်ခဲ့ရပါတယ်။ ချီကာဂိုဖိုင်းယားကို ၄-၁ နဲ့ အရေးနိမ့်ခဲ့တာဖြစ်ပြီး ပလေးအော့ကစားဖို့အတွက် သူတို့ပစ်မှတ်ထားခဲ့တာတွေက မဖြစ်နိုင်တော့သလောက်ရှိသွားခဲ့ပါပြီ။ မက်ဆီဟာ ၄ ပွဲဆက်တိုက် လွဲချော်ခဲ့တာဖြစ်ပြီး သူ့အတွက်ရော၊ အသင်းအတွက်ပါ စိတ်ပျက်စရာ ရလဒ်တွေကိုပဲ ရင်ဆိုင်ခဲ့ရပါတယ်။ 

အသင်းဖော်ဆာဂျီယိုဘက်ကွက်စ်ကတော့ "လီယိုကို ကွင်းထဲမှာရှိနေစေချင်တဲ့ ပထမဆုံးသူက သူကိုယ်တိုင်ပါပဲ၊ ပြီးတော့ ကျနော်တို့ပေါ့၊ သူ့ရဲ့ အသင်းဖော်တွေပါ၊ ဘာလို့လဲဆိုတော့ သူက အသင်းအတွက် ဘယ်လောက်တောင်မှ အရေးပါလဲဆိုတာကို ကျနော်တို့ သိထားလို့ပါ၊ ဒါက ဝမ်းနည်းစရာပါပဲ၊ ဒါပေမယ့်လည်း ကမ္ဘာ့ဘောလုံးလောကမှာ ဒဏ်ရာပြသနာကို ခင်ဗျား ထိန်းချုပ်လို့မှမရတာ"လို့ ပွဲအပြီးမှာ​ပြောဆိုသွားခဲ့ပါတယ်။ 

ဒီပွဲကို မက်ဆီမပါဝင်ခဲ့တာကြောင့် ပရိသတ်တွေအတွက်လည်း စိတ်ပျက်စရာဖြစ်ခဲ့ရတာပါ။ ချီကာဂိုဖိုင်းယားကတော့ မက်ဆီမပါဝင်တဲ့ ဒီပွဲကို လာကြည့်ဖို့အတွက် ပရိသတ်တွေကို လာမယ့်နှစ်အတွက် ပွဲလက်မှတ်တွေကို လျှော့စျေးနဲ့ပေးမယ်လို့ စည်းရုံးပြီး စုစည်းခဲ့ပါတယ်။ အင်တာမိုင်ယာမီ ပရိသတ်တချို့ကတော့ မက်ဆီကစားတာကို ကြည့်ဖို့အတွက် လက်မှတ်တွေကို အမြင့်ဆုံးစျေးပေးပြီး ဝယ်ယူခဲ့ပေမယ့် ၄ ပွဲဆက်တိုက် မက်ဆီ မကစားနိုင်ချိန်မှာတော့ ငါတို့ပိုက်ဆံတွေ ပြန်လိုချင်တယ်ဆိုပြီး ဆိုင်းဘုတ်ကိုင်ကာ တောင်းဆိုခဲ့တာကိုလည်း တွေ့ခဲ့ရပါတယ်။



ပွဲအပြီးမှာ ချီကာဂိုဖိုင်းယားနည်းပြက သူ့အသင်းရဲ့ စွမ်းဆောင်ရည်က ပရိသတ်တွေကို ပျော်ရွှင်စွာနဲ့ အိမ်ပြန်စေနိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း ပြောဆိုခဲ့ပါတယ်။ "အခု ဒီအကြောင်းပဲ ပြောရအောင်လား၊ အခွင့်အရေးရချိန်မှာ အသုံးချနိုင်ဖို့ လိုအပ်ပြီး ကျနော်တို့ လုပ်နိုင်ခဲ့တယ်"

"ဒီပွဲအတွက် လက်မှတ်တွေက ရောင်းကုန်တာ ကြာပါပြီ၊ ပရိသတ်အများစုက မက်ဆီကစားတာကိုကြည့်ဖို့အတွက် ပထမဆုံးအကြိမ် ကွင်းထဲကို လာခဲ့တာပါ၊ သူ့ကို မကြည့်ချင်တဲ့သူ မရှိပါဘူး၊ ဒါပေမယ့် အသင်းရဲ့ စွမ်းဆောင်ရည်ကို သူတို့မြင်ပြီးနောက်မှာ အိမ်ကို ပျော်ပျော်ကြီးပြန်ပြီး တကယ်ဖျော်ဖြေနိုင်တာပဲလို့ ပြောလိမ့်မယ်၊ ပြီးတော့ နောက်နှစ်ကို သူတို့ သေချာပေါက် ဒီကွင်းဆီ ပြန်လာမယ်လို့ ကျနော်ယုံကြည်ပါတယ်၊ အင်တာမိုင်ယာမီနဲ့ပွဲကိုပဲ ကြည့်ဖို့မဟုတ်ပါဘူး"လို့ ပြောဆိုခဲ့ပါတယ်။ 

Share

Loading Next Article...
က္က