မက်ဆီ လာပြီဆိုတုန်းက အခြေအနေတွေကို ဘက်ခမ်းက ပြောပြခဲ့တာပါ။

အင်တာမိုင်ယာမီရဲ့ ပိုင်ရှင် ဒေးဗစ်ဘက်ခမ်းက မက်ဆီတစ်ယောက် ဆော်ဒီကိုလျစ်လျူရှုပြီး အင်တာမိုင်ယာမီကို ပြောင်းရွှေ့ဖို့ အလေးသာနေတယ်ဆိုတဲ့ သတင်းကြောင့် မနက်ခင်းတစ်ခုမှာ သူ့ဆီကို မက်ဆေ့ချ်သန်းနဲ့ချီ ဝင်လာခဲ့ကြောင်း ဖွင့်ဟလာခဲ့ပါတယ်။ မက်ဆီဟာ ပီအက်စ်ဂျီနဲ့ လမ်းခွဲခဲ့ပြီး‌နောက် ဆော်ဒီဘက်က မက်လောက်စရာ ကမ်းလှမ်းမှုတွေလည်း ရရှိခဲ့တာပါ။



ဒါပေမယ့် ကစားသမားကိုယ်တိုင်က ဆော်ဒီထက် အမေရိကန်မြေကိုသာ ရွေးချယ်ခဲ့ပြီး အင်တာမိုင်ယာမီတို့ မက်ဆီကို ခေါ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါဟာ ဘက်ခမ်းရဲ့ နှစ်ရှည်လများ အိပ်မက်တစ်ခုဖြစ်ခဲ့ပြီး ဒီအိပ်မက်က အခု နွေရာသီ အပြောင်းအရွှေ့မှာ ပြည့်မြောက်သွားခဲ့တာပါ။

ဒါ့အပြင် မက်ဆီ အသင်းကို ရောက်လာတော့မယ်လို့ သတင်းတွေ ထွက်လာချိန်မှာ ဖြစ်ပေါ်ခဲ့တဲ့ အခြေအနေတွေကိုလည်း ဘက်ခမ်းက ပြန်ပြောင်း ပြောကြားလာခဲ့ပါတယ်။ ဘက်ခမ်းက “လွန်ခဲ့တဲ့ရက်သတ္တပတ်လောက်တုန်းက ကျွန်တော်နိုးလာတော့ ကျွန်တော့်ဖုန်းမှာ မက်ဆေ့ချ်ပေါင်းသန်းနဲ့ချီပြီး ဝင်နေတာဗျ။ ကျွန်တော်လည်း ဘာတွေဖြစ်ကုန်တာလဲဆိုပြီး စဥ်းစားသွားတာပေါ့ဗျာ။ ဒီလောက်အထိ မက်ဆေ့ချ်အများကြီး မဝင်ဖူးဘူးလေ”

“ရုတ်တရက်ပဲ မက်ဆီအကြောင်းကို ကျွန်တော် သိလိုက်ရပြီး သူက အင်တာမိုင်ယာမီကို လာပြီလို့ ကြေညာခဲ့ပါတယ်။ သေချာတာကတော့ ကျွန်တော့်အတွက် အံ့အားသင့်စရာ မဟုတ်ခဲ့ပါဘူး။ ကျွန်တော် အမြဲတမ်း ပြောခဲ့သလိုပဲ။ အင်တာမိုင်ယာမီကို အကောင်းဆုံး ကစားသမားတွေ ခေါ်ယူခွင့်ရှိတယ်ဆိုရင် ကျွန်တော် ခေါ်မှာ ဆိုပြီးတော့ပေါ့။ သူတို့ရဲ့ ကစားသမားဘဝ ဘယ်အချိန်ကို ရောက်နေပါစေ၊ ကျွန်တော် ခေါ်ချင်ပါတယ်”

“ပရိသတ်တွေကိုလည်း ကျွန်တော် အမြဲတမ်း ကတိပေးခဲ့ပြီးသားပါ။ ဒီတော့ အကောင်းဆုံး မဟုတ်ရင်တောင် အကောင်းဆုံးတွေထဲက တစ်ယောက်၊ အရာအားလုံးကို အောင်မြင်ပြီးသား ထိပ်တန်းကစားသမားတစ်ယောက်၊ အခုထိ အရွယ်ရှိသေးပြီး သူလုပ်နိုင်တာ အကုန်လုပ်နိုင်သေးတဲ့ ကစားသမားတစ်ယောက်က ကျွန်တော့်အသင်းအတွက် ကစားပေးချင်တယ်ဆိုတာက ကျွန်တော်တို့အတွက် ကြီးကျယ်ခမ်းနားတဲ့ အခိုက်အတန့်တွေပါပဲ” လို့ ပြောကြားသွားခဲ့ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က