အာဂျင်တီးနားနဲ့ အီတလီတို့ကစားခဲ့တဲ့ပွဲအပြီးမှာ ပြုမူခဲ့တာပါ။

အီတလီရဲ့ အသက် ၁၈ နှစ်အရွယ် တိုက်စစ်မှူးဝီဖရိုက်ဒ်နွန်တိုဟာ ဂျာမနီနဲ့ကစားခဲ့တဲ့ နေးရှင်းလိဂ်ပွဲမှာ လက်ရွေးစင်အသင်းကြီးအတွက် ပထမဆုံးပွဲကို ကစားခွင့်ရရှိခဲ့ပါတယ်။ အီတလီတို့ရရှိခဲ့တဲ့ ပယ်လီဂရီနီရဲ့ ချေပဂိုးကို သူက ဖန်တီးပေးခဲ့တာဖြစ်ပြီး လူငယ်ကစားသမားတဦးအတွက်တော့ အဖွင့်ကောင်းခဲ့တာလည်းဖြစ်ပါတယ်။ 

နွန်တိုရဲ့ ဖခင်ဖြစ်သူကတော့ အီတလီနဲ့ အာဂျင်တီးနားတို့ကစားခဲ့တဲ့ တိုက်ကြီး ၂ ခုရဲ့ ချန်ပီယံဖလားပွဲမှာ မက်ဆီက သူ့သားအပေါ် ပြုလုပ်ပေးခဲ့တဲ့ အပြုအမူအတွက် ချီးကျူးမှုတွေပြုလုပ်သွားခဲ့ပါတယ်။ အဆိုပါပွဲမှာ အာဂျင်တီးနားက ဂိုးပြတ်အနိုင်ရရှိပြီးဗိုလ်စွဲခဲ့ကာ မက်ဆီက ၂ ကြိမ်ဖန်တီးပေးခဲ့ပြီး အကောင်းဆုံးကစားသမားဆုကို ဆုဖလားနဲ့အတူ ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ 

နွန်တိုရဲ့ဖခင် ဘောရစ်နိုဝယ်က "ဝီဖရိုက်ဒ်က မက်ဆီကို အရမ်းရူးသွပတာပါ၊ ပြီးခဲ့တဲ့တပတ်က သူ အာဂျင်တီးနားအဝတ်လဲခန်းရှေ့မှာ မက်ဆီရဲ့ လက်မှတ်ရဖို့အတွက် နာရီနဲ့ချီအောင် စောင့်ခဲ့ရပါတယ်၊ မက်ဆီနဲ့ သူ ပြန်တွေ့ခဲ့ရပြီး ဂျာစီချင်းလည်း လဲလှယ်နိုင်ခဲ့ပါတယ်၊ သူ အခု ဇူးရစ်မှာ အငှားနဲ့ကစားနေပေမယ့် အင်တာကစားသမားအဖြစ်ရှိနေတုန်းပါ"

"အင်တာအတွက် ပြန်ကစားပေးဖို့က သူ့ရဲ့အိပ်မက်လည်းဖြစ်ပါတယ်၊ ဇူးရစ်မှာကစားဖို့ သွားရချိန် သူ တော်တော်လေးစိတ်မကောင်းဖြစ်ခဲ့ရပါတယ်၊ သူ့မှာတောင်းဆိုမှုတွေရှိလားဆိုရင်တော့ ဒါက အေးဂျင့်တွေ ဂရုစိုက်ပေးရမယ့်အရာပါ" လို့ Rai Radio 1 ကို ပြောဆိုသွားခဲ့ပါတယ်။ 

နွန်တိုဟာ ဇူးရစ်အတွက် ပြီးခဲ့တဲ့ရာသီမှာ ၁၀ ဂိုးသွင်းကာ ၅ ကြိမ်ဖန်တီးပေးခဲ့ပြီးနောက် လက်ရွေးစင်အသင်းကြီးရဲ့ ခေါ်ယူခြင်းကို ခံယူခဲ့ရသူဖြစ်ပါတယ်။ 


Share

က္က