အင်တာမိုင်ယာမီတို့ အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့တာပါ။

ဒီနေ့မနက်အစောပိုင်းမှာ ကစားသွားတဲ့ အင်တာမိုင်ယာမီနဲ့ မွန့်ရီယဲလ်တို့ရဲ့ မေဂျာလိဂ်ပွဲမှာတော့ အင်တာမိုင်ယာမီတို့ အိမ်ကွင်းမှာ ၂-၃ ဂိုးနဲ့ အရေးနိမ့်ခဲ့ပါတယ်။ ဒီပွဲမှာ မက်ဆီက အသင်းလူစာရင်းမှာ ပါဝင်လာခဲ့ခြင်းမရှိဘဲ မပါဝင်နိုင်ခဲ့တဲ့အကြောင်းရင်းကိုတော့ တိတိကျကျ ထုတ်ပြန်ထားတာမျိုး မရှိပါဘူး။



ဒါ့အပြင် ဆွာရက်ဇ်နဲ့ ဘူးစကွက်စ်တို့လည်း အရန်ခုံမှာသာ ရှိနေခဲ့ပြီး နာမည်ကြီးတွေထဲက အယ်လ်ဘာတစ်ယောက်တည်းသာ ပွဲထွက် ပါဝင်ကစားခဲ့ပါတယ်။ မွန့်ရီယဲလ်အတွက် ဦးဆောင်ဂိုးကို ပွဲကစားချိန် (၁၃) မိနစ်ကတည်းက ရရှိခဲ့ပြီး အင်တာမိုင်ယာမီအတွက် ကမ်ပါနာက (၇၁) မိနစ်မှာ ချေပဂိုးသွင်းခဲ့ပါတယ်။
ဒါပေမယ့်လည်း ပွဲကစားချိန် (၇၅) မိနစ်နဲ့ (၇၇) မိနစ်တို့မှာ မွန့်ရီယဲလ်တို့ နှစ်ဂိုးဆက်တိုက်ရရှိသွားခဲ့ပါတယ်။ မိနစ် (၈၀) မှာ အယ်လ်ဘာက တစ်ဂိုးပြန်သွင်းခဲ့ပေမယ့် လိုအပ်နေတဲ့ ချေပဂိုးကို မရရှိခဲ့ဘဲ အင်တာမိုင်ယာမီတို့ အိမ်ကွင်းမှာ ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။
ဒါ့အပြင် ဒုတိယပိုင်းမှာ ဆွာရက်ဇ်၊ ဘူးစကွက်စ်တို့ လူစားဝင်ကစားခဲ့ပေမယ့် အင်တာမိုင်ယာမီတို့ ရှုံးပွဲနဲ့ ရှောင်လွှဲနိုင်ခဲ့ခြင်းမရှိဘဲ နိုင်ပွဲဆက်တိုက် ပျောက်ဆုံးခဲ့ရတာဖြစ်ပါတယ်။ အင်တာမိုင်ယာမီဟာ ကြားရက်မှာ ကစားခဲ့တဲ့ နက်ရှ်ဗေးလ်နဲ့ပွဲမှာလည်း နှစ်ဂိုးစီ သရေကျခဲ့တာကြောင့် နှစ်ပွဲဆက် နိုင်ပွဲပျောက်ခဲ့ရတာပါ။
လက်ရှိအချိန်အထိတော့ အင်တာမိုင်ယာမီတို့ မေဂျာလိဂ် (၄) ပွဲကစားပြီးချိန်မှာ (၂) ပွဲနိုင်၊ တစ်ပွဲသရေ၊ တစ်ပွဲရှုံးရလဒ်ကို ပိုင်ဆိုင်ထားပြီး အမှတ်ပေးဇယားရဲ့ အဆင့် (၁) နေရာမှာ ရပ်တည်နေဆဲဖြစ်ပါတယ်။

Share

Loading Next Article...
က္က