မက်ဆီနဲ့ သီးသန့်တွေ့ဆုံခန်းမှာ ပြောကြားခဲ့တာပါ။

ပြင်သစ်ဂန္တဝင်ကစားသမားကြီး ဇီဒန်းက ဘောလုံးလောကမှာ မက်ဆီလိုမျိုး မှော်ဝင်နိုင်တဲ့ ကစားသမားမျိုးမရှိကြောင်း ပြောကြားလိုက်ပါတယ်။ သူတို့နှစ်ယောက်ဟာ မိုင်ယာမီမှာ ပြုလုပ်ခဲ့တဲ့ ဆွေးနွေးခန်းတစ်ခုမှာ နှစ်ယောက်တည်း သီးသန့် စကားပြောဆိုမှုတွေ ပြုလုပ်ခဲ့ပါတယ်။



ဒီဆွေးနွေးခန်းမှာ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် ချီးကျူးမှုတွေ ပြုလုပ်ခဲ့ကြပြီး ဇီဒန်းက မက်ဆီ လေးစားရတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။ မက်ဆီနဲ့ ဇီဒန်းတို့ဟာ အတူတွဲကစားခွင့်မရခဲ့ပေမယ့် အယ်လ်ကလက်စီကိုမှာတော့ ပြိုင်ဘက်အဖြစ် ရင်ဆိုင်ခဲ့ဖူးပါတယ်။
မက်ဆီနဲ့ပတ်သက်လို့ ဇီဒန်းက “မက်ဆီအတွက် ပြောစရာ စကားလုံးတစ်လုံးတည်း ရှိပါတယ်။ ဒါကတော့ မှော်ဝင်တယ်ဆိုတာပါပဲ။ ကျွန်တော်တို့နှစ်ယောက်က နေ့တိုင်း အတူတကွ​မရှိနိုင်ပါဘူး။ ဒီနေ့တော့ ကျွန်တော့်အတွက် အရမ်းကို အရေးကြီးတဲ့နေ့ပါ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော် သူ့ကို ဘယ်လောက်အထိ လေးစားလဲဆိုတာ ပြောနိုင်လို့လေ”
“ဘောလုံးကို ကြိုက်တဲ့သူတိုင်းအတွက် ဒီကစားသမားတွေက ကွဲပြားခြားနားပါတယ်။ ကျွန်တော့်အထင် ပြောရရင် မက်ဆီက မှော်ဝင်နေတဲ့ ကစားသမားမျိုးပါ။ သူက ဘောလုံး ခြေထောက်ထဲ မရောက်လာခင်မှာတင်ကို ဘောလုံးရောက်လာရင် ဘာလုပ်ရမယ်ဆိုတာမျိုး သိထားပါတယ်။ အထူးသဖြင့် ကျွန်တော့်လိုမျိုး ဘောလုံးကို နားလည်တဲ့သူတွေအတွက်ပေါ့”
“မက်ဆီ ကစားတာကို ကြည့်လိုက်တိုင်း ဒါပဲကွဆိုတာမျိုးဖြစ်အောင် သူက လုပ်ပြနိုင်ပါတယ်။ ဒါမျိုးလုပ်ပြနိုင်တဲ့ ကစားသမားကလည်း နည်းနည်းလေးပဲရှိပါတယ်။ ဒါတောင်မှ မက်ဆီလိုမျိုး လုပ်နိုင်ကြတာမဟုတ်ပါဘူး။ မက်ဆီက တစ်ဦးတည်း ပြိုင်ဘက်မရှိပါ” လို့ ပြောကြားသွားခဲ့ပါတယ်။  

Share

Loading Next Article...
က္က