ဆက်တိုက်ဆိုသလို ရလဒ်တွေပါ ကျဆင်းလာတာဖြစ်ပါတယ်။

မက်ဆီရဲ့ ခြေစွမ်းပြလာမှုနဲ့အတူ ချန်ပီယံလိဂ်ဖလားကို အရယူဖို့ မျှော်လင့်ချက်တွေကို ပိုအားထည့်လာတဲ့ ပီအက်စ်ဂျီကတော့ ဘင်ဖီကာနဲ့ပွဲမှာလည်း သရေထပ်ကျခဲ့ပါတယ်။ ပထမအကျော့မှာလည်း ၁-၁ ဂိုးစီသရေကျခဲ့ပြီး အိမ်ကွင်းမှာပြန်ကန်ခဲ့တဲ့ပွဲမှာလည်း ပေါ်တူဂီကလပ်ကို အနိုင်မရခဲ့တာကြောင့် သူတို့ရဲ့ ချန်ပီယံလိဂ်အိပ်မက်က ဖြစ်လာနိုင်ဖို့ ခက်ခဲနေပြီလို့ ပရိသတ်တွေက ယူဆနေပြီဖြစ်ပါတယ်။ 

မနေ့ကပွဲမှာ မက်ဆီဒဏ်ရာကြောင့် မပါဝင်နိုင်ခဲ့ဘဲ ဘတ်ပီနဲ့ နေမာတို့က တိုက်စစ်ကို ဦးဆောင်ခဲ့ကြတာပါ။ ဘတ်ပီက ပင်နယ်တီကနေ ဦးဆောင်ဂိုးသွင်းပေးခဲ့ပြီး ပီအက်စ်ဂျီအတွက် ဥရောပသွင်းဂိုးအများဆုံးရတဲ့ကစားသမားဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့် ယာအိုမာရီယိုက ဒုတိယပိုင်းမှာ ဘင်ဖီကာအတွက် ပင်နယ်တီကနေပဲ ချေပဂိုးပြန်သွင်းပေးခဲ့လို့ သရေပွဲဖြစ်ခဲ့ရပါတယ်။ 

မက်ဆီမကစားနိုင်ချိန်မှာ ပီအက်စ်ဂျီတို့ ဆက်တိုက်နိုင်ပွဲပျောက်နေတာက တိုက်ဆိုင်မှုတော့မဟုတ်တော့ပါဘူး။ မက်ဆီရဲ့​ သွင်းဂိုးတွေ၊ ဖန်တီးပေးမှုတွေနဲ့ နိုင်ပွဲတွေဆက်တိုက်ရနေခဲ့ပြီး သူ မကစားနိုင်ချိန်မှာ ရလဒ်တွေကျဆင်းလာတာက နည်းပြဂဲလ်တီယာအတွက်လည်း ဦးနှောက်ခြောက်စေမှာသေချာနေကာ အဆိုပါပြသနာကို အမြန်ဆုံးဖြေရှင်းနိုင်ဖို့ လိုအပ်နေပြီလည်းဖြစ်ပါတယ်။ 

ပီအက်စ်ဂျီအနေနဲ့ ကစားသမားကောင်းတွေအများအပြားရှိပေမယ့် ဥရောပမှာဆို တိုးမပေါက်တဲ့ အစဉ်အလာကို အခုချိန်ထိ ပြင်ဆင်နိုင်ခြင်းမရှိသေးပါဘူး။ ကာတာသူဌေးတွေပိုင်ဆိုင်ပြီးနောက် ချန်ပီယံလိဂ်မှာ ဗိုလ်လုပွဲအဆင့်ထိ တက်ရောက်နိုင်ခဲ့တာက အမြင့်ဆုံးအောင်မြင်မှုဖြစ်နေခဲ့ပါတယ်။

ဆုဖလားကိုင်မြှောက်နိုင်ဖို့အတွက်တော့ ရုန်းကန်နေရဆဲဖြစ်ပြီး ဒီရာသီမှာလည်း လက်ရှိခြေစွမ်းအတိုင်းဆိုရင် ဗိုလ်လုပွဲတောင် ရောက်ပါ့မလား စိုးရိမ်စရာဖြစ်နေပါပြီ။ မက်ဆီကလည်း အသက်အရွယ်အရ ကြံ့ခိုင်မှုအားနည်းလာပြီး သူ့ကို အနားပေးလိုက်၊ ပွဲထုတ်လိုက်လုပ်ရမယ့် အနေအထားမှာရှိနေပါတယ်။

Share

Loading Next Article...
က္က