တကယ်ကို စပါယ်ရှယ်အားပေးကြမ်းတဲ့ ပရိသတ်ပါ။

ဒီ Rickshaw ကို မောင်းသူက ဘင်္ဂလားဒေ့ရှ်ကပါ။ သူ့နာမည်က Abu Taher လို့ ခေါ်ပါတယ်။ သူက မက်ဆီနဲ့ အာဂျင်တီးနားပရိသတ်တဦးဖြစ်ပြီး ဒီနေ့ မက်ဆီရဲ့မွေးနေ့ဖြစ်တဲ့အတွက် ဒီနေ့ညမှာမက်ဆီနဲ့ အာဂျင်တီးနားပရိသတ်တွေဆိုရင် အခမဲ့ဝန်ဆောင်မှုပေးသွားမှာပါတဲ့။

သူ့ရဲ့ တနေ့တာဝင်ငွေက အရမ်းနည်းပါးပြီး တနေကုန် ထမင်းစားရင်တောင် ဘာနဲ့စားရမလဲမသိတဲ့သူဖြစ်ပေမယ့် သူ့ရဲ့ မက်ဆီနဲ့အာဂျင်တီးနားအပေါ် ချစ်မြတ်နိုးမှုကိုတော့ တစက်လေးမှ အလျော့မခံခဲ့ပါဘူး။ 


"ကျနော့်ရဲ့ တခုတည်းသောဆန္ဒက မက်ဆီကစားတာကို တိုက်ရိုက်ကြည့်ခွင့်ရဖို့ပါ၊ တကယ်လို့ ကျနော့်မှာသာ ပိုင်ဆိုင်မှုတွေရှိရင် အကုန်လုံးရောင်းချပြီး မက်ဆီကစားတာကို သွားကြည့်မှာပါ၊ အခုတော့ ကျနော်မတတ်နိုင်သေးပါဘူး၊ ဒီအတွက် ကမ္ဘာ့ဖလားမှာ မက်ဆီကို ဗိုလ်စွဲဖို့ပဲ ကျနော်ဆုတောင်းပေးနိုင်ပါတယ်" လို့ သူက ပြောဆိုခဲ့ပါတယ်။ 

သူ့ရဲ့ rickshaw ကိုလည်း မက်ဆီရဲ့ ရုပ်ပုံ၊ အာဂျင်တီးနားအသင်းရဲ့ ဂျာစီအရောင်းအတိုင်း စုံလင်အောင်ခြယ်သထားတာပါ။ သူ ကိုယ်တိုင်လည်း အာဂျင်တီးနားဂျာစီကို ဝတ်ဆင်ထားတာကို မြင်တွေ့ရမှာဖြစ်ပြီး သူ ဘယ်လောက်ထိ နှစ်သက်အားပေးလဲဆိုတာကို ထင်ထင်ရှားရှားမြင်တွေ့ရမှာလည်းဖြစ်ပါတယ်။ 


Share

က္က