ရော်နယ်ဒိုကို ရည်ညွှန်းပြီး ခေါ်ဆိုခဲ့ဖူးတာပါ။

မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီဟာ လက်ရှိ နွေရာသီ အပြောင်းအရွှေ့မှာ ဘာစီလိုနာနဲ့ ပီအက်စ်ဂျီ ကစားသမားဟောင်း မက်ဆီကို ခေါ်ယူနိုင်ခဲ့ပါတယ်။ မက်ဆီကို ခေါ်ယူဖို့အတွက် အင်တာမိုင်ယာမီအတွက် ကွင်းတွင်း၊ ကွင်းပြင် မက်လုံးအချို့ကို ပေးခဲ့ရတယ်လို့လည်း သတင်းတွေက ဖော်ပြခဲ့ပြီး မက်ဆီကိုယ်တိုင်ကလည်း အမေရိကန်မြေကို ကိုယ်တိုင် ‌ရွေးချယ်ခဲ့တာပါ။



ဒါပေမယ့် လက်ရှိအချိန်မှာ ပရိသတ်တွေက တစ်ချိန်တုန်းက အင်တာမိုင်ယာမီရဲ့ ဆိုရှယ်မီဒီယာပေါ်က မှတ်ချက်တစ်ခုကို ပြန်လည် အစဖော်ထုတ်နေကြပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာမှာ American Football ကြယ်ပွင့် တွမ်ဘရက်ဒီက ယူနိုက်တက် အိမ်ကွင်း အိုးထရက်ဖို့ဒ်ကို သွားရောက်လည်ပတ်ပြီး ရော်နယ်ဒိုနဲ့ တွေ့ဆုံခဲ့ပါတယ်။


TikTok ပေါ်မှာ တင်ထားတဲ့ အဆိုပါ ဗီဒီယိုမှာ အင်တာမိုင်ယာမီက သူတို့ရဲ့ တရားဝင်အကောင့်နဲ့အတူ ရော်နယ်ဒိုကို GOAT လို့ ရည်ညွှန်းကာ ဆိတ်နှစ်ကောင် အီမိုဂျီနဲ့ မှတ်ချက်ပေးခဲ့ပါတယ်။ ဒါပေမယ့် အခု အသင်းကို မက်ဆီ ရောက်ရှိလာချိန်မှာတော့ အင်တာမိုင်ယာမီရဲ့ တစ်ချိန်က မှတ်ချက်ကို ပရိသတ်တွေက ပြန်လည် အစဖော်ပြီး နောက်ပြောင်နေကြတာဖြစ်ပါတယ်။

ပရိသတ်တွေက “အင်တာမိုင်ယာမီအနေနဲ့ ရော်နယ်ဒိုကို GOAT အဖြစ် ရည်ညွှန်းထားတဲ့ မှတ်ချက်ကို ဖျက်ပစ်ဖို့ အရမ်းနောက်မကျသေးပါဘူး” “အင်တာမိုင်ယာမီကတောင် ရော်နယ်ဒိုကို GOAT မှန်း သိပါတယ်” “ကိုယ့်လူတို့ရေ လုပ်ကြစမ်းပါ။ အချိန်အရမ်းနောက်မကျခင် ကောမန့်သွားဖျက်ကြ” “မက်ဆီကို ခေါ်ပြီးနောက်မှာ အက်ဒ်မင်ကတော့ ရော်နယ်ဒိုကို GOAT လို့ ခေါ်ခဲ့တာကို နောင်တရနေမှာ သေချာပါတယ်” လို့ အမျိုးမျိုး မှတ်ချက်ပြုခဲ့ကြပါတယ်။

မက်ဆီနဲ့ ရော်နယ်ဒိုတို့ဟာ ဘောလုံးလောကကို ဆယ်စုနှစ်တစ်ခုကျော်အကြာ လွှမ်းမိုးနိုင်ခဲ့ကြတဲ့ ကစားသမားတွေဖြစ်ပါတယ်။ နှစ်ယောက်သားအကြားမှာလည်း ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့တယ်လို့ ဆိုနိုင်ပြီး သူတို့အချင်းချင်းအကြားမှာ ဆက်ဆံရေးတွေ ကောင်းမွန်ပေမယ့် နှစ်ယောက်ရဲ့ ပရိသတ်တွေကတော့ ဘယ်သူက GOAT ဖြစ်တယ်၊ ဘယ်သူက ပိုသာတယ်ဆိုတာကို အမြဲတမ်း ငြင်းခုန်နေကြဆဲဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က