မနက်ဖြန်မှာ ကစားရတော့မှာပါ။

ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်းမှာ ရော်နယ်ဒိုနဲ့ မက်ဆီတို့ရဲ့ အားပြိုင်မှုတွေကြောင့် ပရိသတ်တွေ စိတ်ဝင်တစားနဲ့ ကြည့်ရှုခဲ့ရတဲ့ အယ်လ်ကလက်စီကိုပွဲစဉ်ဟာ ဒီတစ်ကြိမ်မှာတော့ အဆိုပါကစားသမားနှစ်ဦးစလုံးမရှိတော့တဲ့ ပွဲစဉ်လည်းဖြစ်လာမှာပါ။ 


ဒီတပတ်မှာ ရင်ဆိုင်ရတော့မယ့် စပိန်ရဲ့ နာမည်အကျော်ကြားဆုံး အယ်လ်ကလက်စီကိုပွဲစဉ်ကို အနိုင်ရဖို့အတွက် စိတ်အားထက်သန်နေပြီလို့ ရီးရဲလ်ကွင်းလယ်လူဗယ်လ်ဗာဒီက ပြောဆိုလိုက်ပါတယ်။ ဒီအယ်လ်ကလက်စီကိုပွဲစဉ်ကိုတော့ နူးကမ့်မှာယှဉ်ပြိုင်သွားမှာ ဖြစ်ပြီး မက်ဆီမရှိတော့တဲ့နောက် ပထမဆုံးသော အယ်လ်ကလက်စီကိုပွဲစဉ်လည်းဖြစ်လာတော့မှာပါ။ 



ဗယ်လ်ဗာဒီကတော့ ရှက်တာဒိုးနတ်နဲ့ပွဲမှာ အရန်ခုံမှာသာထိုင်နေခဲ့ရပြီး ဒီပွဲကို ပါဝင်ကစားပေးဖွယ်ရှိတယ်လို့ စပိန်သတင်းစာ Marca က ဆိုပါတယ်။ ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်းမှာ ရော်နယ်ဒိုနဲ့ မက်ဆီတို့ရဲ့ အားပြိုင်မှုတွေကြောင့် ပရိသတ်တွေ စိတ်ဝင်တစားနဲ့ ကြည့်ရှုခဲ့ရတဲ့ အယ်လ်ကလက်စီကိုပွဲစဉ်ဟာ ဒီတစ်ကြိမ်မှာတော့ အဆိုပါကစားသမားနှစ်ဦးစလုံးမရှိတော့တဲ့ ပွဲစဉ်လည်းဖြစ်လာမှာပါ။ 

ဗယ်လ်ဗာဒီက "နည်းနည်းတော့စိတ်လှုပ်ရှားမိပါတယ်၊ ဒါပေမယ့် ဒီလိုပွဲမျိုးကို ကစားရမယ့်အပေါ် အရမ်းဂုဏ်ယူမိပါတယ်၊ ဒီပွဲကိုအနိုင်ရဖို့ ကျွန်တော်တို့ကစားသမားတွေ စိတ်အားထက်သန်နေပြီး ကျွန်တော်တို့စည်းလုံးနေဖို့လိုပါတယ်၊ ဒါက အရေးကြီးတယ်လို့ ကျွန်တော်ထင်ပါတယ်၊ ဘယ်သူပဲကစားကစားပါ၊ ပွဲထွက်ခွင့်ပဲရရ၊ လူစားပဲဝင်ဝင် နည်းပြအဖွဲ့က တောင်းဆိုမှုတွေကို ပေးနိုင်ဖို့အသင့်ပါပဲ"

"ဒါက အားလုံးအတွက် အရေးပါပါတယ်၊ လူတိုင်းက သူတို့ရဲ့ အပိုင်းကဏ္ဍအလိုက် ပါဝင်ဖို့လိုအပ်ပြီး ဒါကိုလုပ်နိုင်ခဲ့မယ်ဆိုရင် ကျွန်တော်တို့အတွက် အရမ်းကောင်းတဲ့ရာသီတစ်ခုဖြစ်လာမယ်လို့ ထင်ပါတယ်" လို့ ဗယ်လ်ဗာဒီက ထပ်ပြောခဲ့ပါတယ်။ လက်ရှိရာသီမှာတော့ ဘာစီလိုနာက ရီးရဲလ်ထက် ပိုမိုယိမ်းယိုင်နေပြီး ဒီပွဲကို အနိုင်ရဖို့ ရေပန်းစားနေတဲ့ အသင်းဖြစ်နေပါတယ်။ 

"နူးကမ့်မှာ ၃-၁ နဲ့ အနိုင်ရတဲ့ပွဲကို ကျွန်တော်မှတ်မိနေသေးတယ်၊ ကျွန်တော့်ရဲ့ သွင်းဂိုးကို အရင်ဆုံးမှတ်မိတာပဲ၊ ဒီလိုဂိုးသွင်းပြီး နိုင်ပွဲရတာမျိုးက အရမ်းကောင်းပါတယ်၊ နှစ်ဆပိုပျော်ရတာပေါ့၊ ဒီလိုပွဲမျိုးမှာ ဂိုးသွင်းယူနိုင်ခဲ့တာက ဘောလုံးလောကရဲ့ အကြီးမြတ်ဆုံးတွေထဲမှာ တစ်ခုအပါအဝင်ပါပဲ" လို့ ဗယ်လ်ဗာဒီကိ ထပ်မံပြောကြားခဲ့ပါတယ်။ 

Share

က္က