ဆီမြွန်နီကတော့ မက်ဆီနဲ့လက်တွဲခွင့်ရဖို့ မျှော်လင့်နေတာပါ။

အက်သလက်တီကိုနည်းပြ ဆီမြွန်နီက ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့မှာ မက်ဆီကိုခေါ်ယူနိုင်မယ့် အခွင့်အရေးနည်းနည်းလေးကို မျှော်လင့်ခဲ့ဖူးတယ်လို့ ဝန်ခံပြောကြားလိုက်ပါတယ်။



ဘာစီလိုနာနဲ့ လမ်းခွဲပြီးနောက်ပိုင်း အသင်းလက်မဲ့ဖြစ်နေတဲ့ မက်ဆီကို ခေါ်ယူချင်တဲ့အသင်းတွေ အများအပြားရှိခဲ့ပြီး ကမ်းလှမ်းမှုတွေလည်း အများအပြားရခဲ့တယ်လို့ မက်ဆီကိုယ်တိုင်က France Football နဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ဖူးပါတယ်။

ဒီလို တရားဝင်ကမ်းလှမ်းမှုတွေထဲမှာ အက်သလက်တီကိုတော့ မပါဝင်နိုင်ပေမယ့် နည်းပြဆီမြွန်နီကတော့ မက်ဆီနဲ့ ရင်းနှီးတဲ့ ဆွာရက်ဇ်ဆီက တစ်ဆင့် မက်ဆီအကြောင်းတွေကို မေးမြန်းခဲ့တယ်လို့ ကာယကံရှင်ကိုယ်တိုင်က ဖွင့်ဟပြောကြားလာပါတယ်။ ဆီမြွန်နီဟာ မက်ဆီကို ချစ်ခင်အားပေးသူတစ်ယောက်ဖြစ်ပြီး သူနဲ့အလုပ်တွဲလုပ်ဖို့ အမြဲတမ်းမျှော်လင့်ခဲ့ရပုံပါပဲ။

ဒါပေမယ့် အခုချိန်မှာတော့ ဆီမြွန်နီက “ကျွန်တော် မက်ဆီကိုတော့ တိုက်ရိုက်မဆက်သွယ်ခဲ့ပါဘူး။ ဒါပေမယ့် ဆွာရက်ဇ်ဆီ ဖုန်းဆက်ပြီး မက်ဆီတွေ ဘယ်အသင်းကိုပြောင်းနိုင်မလဲ မေးခဲ့ပါတယ်။ ပြီးတော့ ကျွန်တော့်အသင်းကို လာနိုင်ခြေနည်းနည်းလေးပဲရှိတယ်ဆိုပေမယ့် သူစိတ်ဝင်စားမလားဆိုပြီး မေးခဲ့ပါသေးတယ်”

“ဒါပေမယ့် ဒီမျှော်လင့်ချက်တွေက (၃) နာရီလောက်ပဲ ကြာခဲ့ပါတယ်။ PSG က မက်ဆီကို အရခေါ်ယူဖို့ စိတ်ပိုင်းဖြတ်ထားတာကြောင့်ပါ။ သူ ဒီလိုအပြောင်းအလဲတွေမဖြစ်ခင် ဘာစီလိုနာမှာပဲရှိခဲ့သလို ကျွန်တော်ကလည်း အက်သလက်တီကိုမှာပဲ နည်းပြလုပ်နေခဲ့တာပါ။ အာဂျင်တီးနားလက်ရွေးစင်မှာတောင် ကျွန်တော်တို့ နှစ်ယောက် အသင်းဖော်တွေဖြစ်ခွင့်မရလိုက်ပါဘူး” လို့ မချိတင်ကဲ ပြောကြားသွားခဲ့ပါတယ်။

ဘာစီလိုနာဟာ မက်ဆီကို လက်လွှတ်ရပြီးနောက်ပိုင်း ရလဒ်ဆိုးတွေ၊ အခြေအနေဆိုးတွေနဲ့ ရင်ဆိုင်နေရပြီး လာလီဂါမှာလည်း အမှတ်ပေးဇယားထိပ်ပိုင်းက ရီးရဲယ်မက်ဒရစ်၊ အက်သလက်တီကိုမက်ဒရစ်တို့ရဲ့ နောက် (၅) မှတ်အကွာ အဆင့် (၉) မှာသာ ရပ်တည်လျက်ရှိပါတယ်။ 

Share

က္က