ဖုန်းဆက် ကမ်းလှမ်ခံခဲ့ရပေမယ့် ငြင်းဆန်သွားခဲ့တာပါ။

ယူနိုက်တက်နောက်ခံလူဟောင်း ရိုဂျိုကို ခေါ်ယူဖို့အတွက် အင်တာမိုင်ယာမီနည်းပြ တာတာမာတီနိုက ဖုန်းဆက်ပြီး တိုက်ရိုက်ကမ်းလှမ်းခဲ့ပေမယ့် ကစားသမားဘက်က ငြင်းဆန်ပယ်ချခဲ့ကြောင်း သိရှိရပါတယ်။ ရိုဂျိုဟာ လက်ရှိမှာ ဘိုကာဂျူနီယာအတွက် ကစားပေးနေတာပါ။



အင်တာမိုင်ယာမီဟာ လာမယ့်ရာသီသစ်အတွက် ဗဟိုနောက်ခံလူတစ်ယောက်ရှာဖွေနေတဲ့ အသင်းလည်း ဖြစ်ပါတယ်။ အဲ့ဒါကြောင့် ရိုဂျိုကို စိတ်ဝင်စားခဲ့တာဖြစ်ပြီး ချိတ်ဆက်ကမ်းလှမ်းမှုတွေလည်း ပြုလုပ်ခဲ့တာပါ။

စပိန်သတင်းဌာန မာကာရဲ့ ဖော်ပြချက်အရတော့ ရိုဂျိုဟာ သူ့ရဲ့ လက်ရှိ မိခင်ကလပ် ဘိုကာဂျူနီယာမှာသာ ဆက်ကစားမယ့်အကြောင်းကို အသိပေးထားတယ်လို့ သိရှိရပါတယ်။ ရိုဂျိုဟာ အသင်းနဲ့ (၂၀၂၅) ခုနှစ်မှာ စာချုပ်သက်တမ်း ကုန်ဆုံးမှာလည်း ဖြစ်ပါတယ်။

အဆိုပါ သတင်းဌာနရဲ့ ဖော်ပြချက်အရလည်း ရိုဂျိုဟာ အင်တာမိုင်ယာမီတင်မဟုတ်ဘဲ အခြားအသင်းတစ်သင်းရဲ့ ကမ်းလှမ်းမှုကိုလည်း ငြင်းဆန်ပယ်ချခဲ့တယ်လို့ သိရှိရပါတယ်။ ရိုဂျိုကို ခေါ်ယူဖို့ ဘရာဇီးကလပ် ပါးလ်မီးရပ်စ်ကလည်း ကမ်းလှမ်းခဲ့သေးပြီး ကစားသမားကိုယ်တိုင်က အသင်းပြောင်းဖို့ စိတ်မဝင်စားတာဖြစ်ပါတယ်။
အင်တာမိုင်ယာမီဟာ လာမယ့်ရာသီသစ်အတွက် ပြင်ဆင်မှုတွေကို ပြုလုပ်နေပြီး မက်ဆီနဲ့အတူ ဘာစီလိုနာမှာ တွဲဖက်ခြေစွမ်းပြခဲ့တဲ့ တိုက်စစ်မှူး ဆွာရက်ဇ်ကိုလည်း ခေါ်ယူထားပါတယ်။ လက်ရှိ အင်တာမိုင်ယာမီမှာ ဘာစီလိုနာ ကစားသမားဟောင်းတွေအဖြစ် မက်ဆီ၊ ဆွာရက်ဇ်၊ ဘူးစကွက်စ်နဲ့ အယ်လ်ဘာတို့ ရှိနေပြီလည်း ဖြစ်ပါတယ်။

Share

က္က