လီယွန်နယ် မက်ဆီဟာ ယခုနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ နောက်ထပ်တစ်ကြိမ် ရင်သပ်ရှုမောဖွယ်စွမ်းဆောင်ရည်ပြသနေသူဖြစ်ပြီး အာဂျင်တီးနားအသင်းကို ဆီမီးဖိုင်နယ်အဆင့်အထိ တက်ရောက်နိုင်အောင် စွမ်းဆောင်ပေးထားသူဖြစ်ပါတယ်။

ဘရာဇီးလ်ဂန္တဝင်တိုက်စစ်မှူး ရိုနယ်လ်ဒို နာဇာရီယိုဟာ ကစားသမားဘဝကနေ အနားမယူခင်မှာ ကမ္ဘာ့ဖလားကို ရရှိဖို့ ထိုက်တန်တယ်ဆိုတဲ့ ဘုံသဘောတူညီချက်ကြီးထွားလာချိန်မှာ ထုတ်ဖော်ပြောကြားမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ဘရာဇီးလ်ဂန္တဝင်တိုက်စစ်မှူးက အာဂျင်တီးနားကြယ်ပွင့်အနေနဲ့ ကမ္ဘာ့ဖလားကို အနိုင်ရရှိသွားမယ်ဆိုရင် ပျော်ရွှင်မိလိမ့်မယ်လို့ ပြောကြားခဲ့ပေမယ့်လည်း ထိုက်တန်တယ်ဆိုတိုင်းလည်း ဖြစ်လာနိုင်တယ်လို့ ထင်မြင်နေခြင်းမရှိတာဖြစ်ပါတယ်။ လီယွန်နယ် မက်ဆီဟာ ယခုနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ နောက်ထပ်တစ်ကြိမ် ရင်သပ်ရှုမောဖွယ်စွမ်းဆောင်ရည်ပြသနေသူဖြစ်ပြီး အာဂျင်တီးနားအသင်းကို ဆီမီးဖိုင်နယ်အဆင့်အထိ တက်ရောက်နိုင်အောင် စွမ်းဆောင်ပေးထားသူဖြစ်ပါတယ်။

အများစုက ဘလွန်ဒေါ ၇ ဆုရှင်ဟာ ပြိုင်ဘက်တွေအားလုံးကို ကျော်ဖြတ်ပြီး အာဂျင်တီးနားအသင်းကို ၁၉၈၆ ခုနှစ်နောက်ပိုင်း ကမ္ဘာ့ဖလားမှာ အောင်မြင်မှု ရရှိအောင် ဦးဆောင်ပေးနိုင်လိမ့်မယ်လို့ ထင်မြင်နေတာဖြစ်ပြီး အချို့ဆိုရင် ဘောလုံးကတောင် ပီအက်စ်ဂျီကြယ်ပွင့်ကို ကမ္ဘာ့ဖလားနဲ့ပတ်သက်ပြီး အကြွေးတင်နေတယ်လို့ ပြောဆိုနေကြတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ရိုနယ်လ်ဒိုက ဘောလုံးသမားတိုင်းက ကမ္ဘာ့ဖလားရရှိဖို့အတွက် ထိုက်တန်တယ်လို့ ငြင်းခုံခဲ့ပေမယ့် ဘရာဇီးလ်ဂန္တဝင်တိုက်စစ်မှူးက အာဂျင်တီးနားကြယ်ပွင့်ရဲ့ အဆုံးအဖြတ်ပေးနိုင်တဲ့ စွမ်းဆောင်ရည်ကို ချီးကျူးခဲ့ပြီး ဘောလုံးနဲ့ဆိုရင် ပြိုင်ဘက်တွေကို အဆုံးသတ်နိုင်သူလို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

လီယွန်နယ် မက်ဆီအနေနဲ့ ကမ္ဘာ့ဖလားရရှိဖို့ ထိုက်တန်လားလို့ မေးမြန်းခဲ့ချိန်မှာ ရိုနယ်လ်ဒိုက "အဲဒါနဲ့ထိုက်တန်လားဆိုရင် ကျွန်တော်တို့ အားလုံး ထိုက်တန်ပါတယ်။ ဘယ်သူကမှ ခင်ဗျားကို ဘာမှပေးမှာမဟုတ်ပါဘူး။ ခင်ဗျားရဲ့ ဘဝဇာတ်ကြောင်းအတွက်တောင်မှ မပေးပါဘူး။ အာဂျင်တီးနားက အရမ်းကောင်းကောင်း မကစားနိုင်ပေမယ့် သူတို့တွေ စုစုစည်းစည်း ကစားနေတယ်။ သူတို့တွေက ခပ်ကြမ်းကြမ်းကစားနိုင်ပြီး ပင်နယ်တီဧရိယာနားမှာဆိုရင် အဆုံးအဖြတ်ပေးနိုင်တဲ့ မက်ဆီကလည်း ရှိနေပါတယ်။ သူက အရင်တုန်းကထက် ပြေးနှုန်းက လျော့နည်းနေပါပြီ။ သူက ကမ္ဘာ့ဖလားရဖို့အပေါ်မှာ အရမ်းအာရုံစိုက်နေခဲ့ပါတယ်။ သူ့ရဲ့ ပုံစံနဲ့အတူ ကျွန်တော် မြင်ရပါတယ်။ သူတို့တွေ ဖလားရမယ်ဆိုရင် ကျွန်တော် ပျော်ရွှင်မိမှာဖြစ်ပေမယ့် ကျွန်တော်တို့မှာ အရမ်းကြီးမားတဲ့ ပြိုင်ဆိုင်မှုက ရှိနေပြီး ကျွန်တော် အာဂျင်တီးနားအတွက် ပျော်ရွှင်မိလိမ့်မယ်လို့ ပြောရင် နည်းနည်း သူတော်ကောင်းယောင်ဆောင်သလို ဖြစ်ပါလိမ့်မယ်။ ဘောလုံးက ရိုမန်းတစ်ဆန်တယ်လို့ ကျွန်တော်မြင်တယ်။ ဘယ်သူချန်ပီယံဖြစ်ဖြစ် ကျွန်တော် ပျော်ရွှင်မိပါလိမ့်မယ်"လို့ ပြောကြားခဲ့ပါတယ်။

Share

Loading Next Article...
က္က