မက်ဆီကို အကောင်းဆုံးကစားသမားလို့ ချီးကျူးခဲ့တာပါ။

မေဂျာလိဂ်ကလပ် ဒီစီယူနိုက်တက်အသင်းရဲ့ နည်းပြ ဝိန်းရွန်နီက ပြိုင်ဘက်အင်တာမိုင်ယာမီအသင်းကို လီယွန်နယ်မက်ဆီ ရောက်မလာခင်မှာပဲ အကောင်းဆုံးကစားသမားလို့ ချီးကျူးခဲ့ပါတယ်။ ရွန်နီဟာ ကစားသမားဘ၀မှာ မက်ဆီနဲ့ ပြိုင်ဘက်တွေအဖြစ် ရင်ဆိုင်ခဲ့ဖူးပြီး အာဂျင်တီးနားသားအကြောင်းကို ကောင်းကောင်းသိထားသူလို့ ဆိုရမှာလည်း ဖြစ်ပါတယ်။ 

မက်ဆီကို အခုလိုမျိုး ရွန်နီက ချီးကျူးခဲ့တာကြောင့် သူ့ရဲ့ အသင်းဖော်ဟောင်းဖြစ်သူ ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ ပရိသတ်တွေကို စိတ်ပျက်စလေိမ့်မယ်လို့လည်း Daily Mail က ဖော်ပြခဲ့ပါတယ်။ ရွန်နီဟာ ရော်နယ်ဒိုနဲ့ မန်ချက်စတာယူနိုက်တက်မှာ အသင်းဖော်တွေဖြစ်ခဲ့ပြီး သိပ်မကြာခင်ကမှ အသင်းဖော်ဟောင်းနဲ့ အဆင်မပြေဖြစ်ခဲ့ပါသေးတယ်။ 

အင်တာမိုင်ယာမီကို ရောက်ရှိလာမယ့် မက်ဆီနဲ့ပတ်သက်ပြီး ရွန်နီက "ဒါက တကယ်ကောင်းတဲ့ပြောင်းရွှေ့မှုပါ၊ အရမ်းသိသာပါတယ်၊ မေဂျာလိဂ်အတွက်ပေါ့၊ စီးပွားရေးအရလည်း ဒါက အရမ်းကို သက်ရောက်မှုရှိပြီး ကမ္ဘာ့ဒေသအသီးသီးက မေဂျာလိဂ်ကို စိတ်ဝင်စားလာတော့မှာပါ၊ အဲဒီလိုဖြစ်လာမယ်ဆိုတာ ကျနော် သေချာပေါက်ပြောရဲပါတယ်"

"ဘာလို့လဲဆိုတော့ ကစားခဲ့သမျှတွေထဲမှာ အကောင်းဆုံးလို့ ဆိုရမယ့် ကစားသမားကို မေဂျာလိဂ်က ရရှိမှာဖြစ်နေလို့ပါ၊ သူ ရောက်လာမှာဖြစ်လို့ ပြိုင်ဆိုင်မှုကလည်း များလာမှာဖြစ်ပြီး အင်တာမိုင်ယာမီကို ဇယားအပေါ်ရောက်အောင် သူ ကူညီပါလိမ့်မယ်၊ ပရိသတ်တ​ွေအတွက်တင်မဟုတ်ဘဲ နည်းပြတွေ၊ ကစားသမားတွလည်း သူ့ကြောင့် စိတ်လှုပ်ရှားလာမှာပါ" လို့ ဆိုပါတယ်။

ရွန်နီက ဒီလိုချီးကျူးခဲ့တာဖြစ်လို့ ရော်နယ်ဒိုသာ အကောင်းဆုံးလို့ သတ်မှတ်ထားတဲ့ ပရိသတ်တွေကို ဒေါသထွက်စေမှာလည်း ဖြစ်ပါတယ်။ သူတို့နှစ်ဦးရဲ့ ပြိုင်ဆိုင်မှုဟာ တဦးဦးအတွက် ဘာမှမဟုတ်ပေမယ့်လည်း ဘယ်သူက သာလွန်တယ်ဆိုတာက ဘောလုံးလောကရဲ့ အကြီးမားဆုံး အငြင်းပွားမှုတခုအဖြစ် ရှိနေခဲ့တာကြောင့်လည်း ဖြစ်ပါတယ်။ 


Share

Loading Next Article...
က္က