နှစ်ရာသီကြာ တွဲကစားခဲ့တာပါ။

ပီအက်စ်ဂျီနဲ့ ပြင်သစ်လက်ရွေးစင် အသင်းရဲ့ ထိပ်တန်း တိုက်စစ်ကစားသမား အမ်ဘာပေက မက်ဆီနဲ့ အတူတွဲကစားခဲ့ရတာကို လွမ်းဆွတ်မိကြောင်း ဖွင့်ဟပြောကြားလာခဲ့ပါတယ်။ သူတို့နှစ်ယောက်ဟာ ပြင်သစ်မြေမှာ နှစ်ရာသီကြာ အသင်းဖော်တွေအဖြစ် တွဲကစားခဲ့ကြတာပါ။



ဒီကာလအတွင်း ပီအက်စ်ဂျီက ပြင်သစ်လီဂူးချန်ပီယံဆုကို နှစ်နှစ်ဆက်တိုက် ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း မက်ဆီနဲ့အတူ ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်မယ့် အိပ်မက်က မပြည့်ဝနိုင်ခဲ့ပါဘူး။
ဒါ့အပြင် အသင်းမှာ မက်ဆီရှိခဲ့တုန်းက မက်ဆီ၊ နေမာ၊ အမ်ဘာပေတို့အကြား အကြိတ်အခဲတွေရှိခဲ့တဲ့ သတင်းတွေကလည်း မကြာခဏဆိုသလို ထွက်ပေါ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့နွေရာသီမှာတော့ မက်ဆီက ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်း မတိုးခဲ့သလို နေမာကလည်း ဆော်ဒီမြေကို ပြောင်းရွှေ့သွားခဲ့ပါတယ်။
မက်ဆီ အသင်းမှာမရှိတော့တာနဲ့ ပတ်သက်လို့ အမ်ဘာပေက “မက်ဆီနဲ့ တွဲကစားရတာက သေချာပေါက်ကို ကျွန်တော့်အတွက် အရမ်းကို လွမ်းဆွတ်ရတဲ့ကိစ္စပါ။ မက်ဆီနဲ့ တွဲကစားခွင့် မရှိတော့ဘူးဆိုရင် ခင်ဗျား အမြဲတမ်းကို လွမ်းနေရပါလိမ့်မယ်။ ကျွန်တော့်လို တိုက်စစ်ကစားသမားတစ်ယောက်အတွက်ဆိုရင်ပေါ့”
“ကျွန်တော်က နေရာလွတ်တွေမှာ တိုက်စစ်ဆင်ရတာကို သဘောကျပြီး မက်ဆီသာ အသင်းဖော်အဖြစ် ရှိနေရင် ခင်ဗျား ဘောလုံးရနိုင်တာပဲလေ။ မက်ဆီနဲ့ တွဲကစားခွင့်ရတာက ဇိမ်ခံခွင့်တစ်ခုလိုပါပဲ။ နောက်ပြီး တကယ့်ကို စပါယ်ရှယ်ကိစ္စတစ်ခုပါ” လို့ ဖွင့်ဟပြောကြားသွားခဲ့ပါတယ်။

Share

Loading Next Article...
က္က