ပီယာနစ်က သူတို့နှစ်ဦးစလုံးနဲ့ တွဲဖက်ကစားခဲ့ဖူးသူဖြစ်ပါတယ်။

မနေ့ညက ကစားခဲ့တဲ့ နိုင်ငံတကာပွဲစဉ်တွေမှာတော့ ရော်နယ်ဒိုရော၊ မက်ဆီပါ သူတို့ရဲ့ နိုင်ငံအသင်းအတွက် ကိုယ်စီဂိုးသွင်းနိုင်ခဲ့ကြပါတယ်။ အလွတ်တည်ကန်ဘောတွေက သွင်းယူခဲ့ကြတာဖြစ်ပြီး သူတို့နှစ်ဦးကြားမှာတော့ မရည်ရွယ်ပဲနဲ့ကို ပြိုင်ဆိုင်နေသလိုဖြစ်ခဲ့ရကာ ဘယ်သူ့ရဲ့ သွင်းဂိုးက ပိုကောင်းလဲဆိုတာကို နှစ်ဖက်ပရိသတ်တွေကလည်း အပြိုင်အဆိုင် အဖြေထုတ်ခဲ့ကြပါတယ်။ 

ဒီလိုဖြစ်ပျက်ခဲ့မှုနဲ့အတူ ၂၀၂၀ တုန်းက ဘော့စနီးယားကွင်းလယ်လူပီယာနစ်ပြောဆိုခဲ့ဖူးတဲ့ စကားကလည်း ပြန်လည်ထွက်ပေါ်လာခဲ့ပါတယ်။ ပီယာနစ်ကတော့ ကစားသမားဘ၀မှာ မက်ဆီ၊ ရော်နယ်ဒိုတို့နှစ်ဦးစလုံးနဲ့ ကလပ်အသင်းဖော်​တွေအဖြစ် ကစားခဲ့ဖူးတဲ့ ကစားသမားအနည်းငယ်ထဲက တဦးလည်းဖြစ်ပါတယ်။ 

"ကျနော့်အတွက်တော့ မက်ဆီနဲ့ ရော်နယ်ဒိုမှာ အလွတ်တည်ကန်ဘော ကန်သွင်းတာ ဘယ်သူက ပိုကောင်းလဲဆိုရင် မက်ဆီပါပဲ၊ ကျနော့်ကစားသမားဘ၀မှာ တပတ်ကို မိနစ် ၂၀ ကနေ ၃၀ လောက် ဖရီးကစ်ကန်တာကို ၂ကြိမ်လောက် လေ့ကျင့်ခဲ့ပါတယ်၊ ဒါပေမယ့် မက်ဆီကတော့ တနှစ်ကိုမှ ၂ကြိမ်၊ ၃ကြိမ်လောက်ပဲ လေ့ကျင့်ခဲ့တာပါ၊ ဒါတောင်မှ သူ ဘယ်လိုတွေ ကန်သွင်းပြနေလဲဆိုတာကို ကြည့်ပါ" လို့ ပီယာနစ်က ပြောဆိုခဲ့ဖူးပါတယ်။ 

ပီယာနစ်ဟာ ဂျူဗင်တပ်စ်မှာ ရော်နယ်ဒို၊ ဘာစီလိုနာမှာ မက်ဆီတို့နဲ့ ခဏတာအသင်းဖော်တွေဖြစ်ခဲ့တာပါ။ သူ ကိုယ်တိုင်ကလည်း ဖရီးကစ်ကန်သွင်းပုံကောင်းမွန်တဲ့ ကွင်းလယ်လူတဦးအဖြစ် သတ်မှတ်ခံထားရပြီး ဘော့စနီးယားရဲ့ ရှားရှားပါးပါးကစားသမားကောင်းတဦးလည်းဖြစ်ခဲ့ပါတယ်။ သူကတော့ မက်ဆီက ဖရီးကစ်ကန်တာ ရော်နယ်ဒိုထက် ပိုကောင်းတယ်လို့ မှတ်ချက်ပြုခဲ့ဖူးပါတယ်။ 

Share

Loading Next Article...
က္က