ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ လီယွန်နယ် မက်ဆီတို့ကြားမှာ စစ်မှန်တဲ့ နှိုင်းယှဉ်စရာမရှိဘူးလို့ ငြင်းခုံခဲ့တာဖြစ်ပါတယ်။

ဂယ်ရီ လိုင်နီကာက တစ်ခါတုန်းက ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ လီယွန်နယ် မက်ဆီတို့ရဲ့ အငြင်းအခုံကို အဖြေပေးခဲ့ဖူးပြီး အငြင်းအခုံတွေအားလုံးကို တိတ်ဆိတ်စေခဲ့တာ ဖြစ်ပါတယ်။

 

ရော်နယ်လ်ိဒုနဲ့ မက်ဆီ အငြင်းအခုံအပေါ် ဘယ်သူ့ကိုမဆို မေးလိုက်တိုင်း ခိုင်မာတဲ့ သီအိုရီတွေနဲ့ ကိန်းဂဏန်းအချက်အလက်တွေ အဆင်သင့်ရှိနေပြီး အခိုင်အမာ ပြောဆိုကြမှာဖြစ်ပြီး ရော်နယ်လ်ဒိုရဲ့ ကစားသမားသွင်းဂိုးစုစုပေါင်း ၈၃၄ ဂိုးက ၎င်းကို သာလွန်စေသလား ဒါမှမဟုတ် မက်ဆီရဲ့ ၇၂ မိနစ်တိုင်းမှာ ပျမ်းမျှ သွင်းဂိုး ပါဝင်ပတ်သက်နိုင်စွမ်းက ပိုမိုသာလွန်စေသလားဆိုတာ ပရိသတ်တွေနဲ့ ဘောလုံးဝေဖန်သူတွေကြားမှာ အမြင်ကွဲလွဲစရာ ဖြစ်ခဲ့တာဖြစပါတယ်။

 

ဒါပေမယ့်လည်း Match of the Day စီစဉ်တင်ဆက်သူ အင်္ဂလန်ဂန္တဝင် ဂယ်ရီ လိုင်နီကာက အရင်တုန်းက ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ လီယွန်နယ် မက်ဆီတို့ကြားမှာ စစ်မှန်တဲ့ နှိုင်းယှဉ်စရာမရှိဘူးလို့ ငြင်းခုံခဲ့တာဖြစ်ပါတယ်။

 

ရော်နယ်လ်ဒိုဟာ ချန်ပီယံလိဂ်မှာ သွင်းဂိုးပိုမို သွင်းယူထားပြီး မက်ဆီက ဂိုးဖန်တီးမှုမှာ ထိပ်ဆုံးကရပ်တည်နေတာဖြစ်ပေမယ့်လည်း လိုင်နီကာက ၂၀၁၉ ခုနှစ်တုန်းက talkSPORT ကို ပြောဆိုခဲ့ရာမှာ အဲဒါက အာဂျင်တီးနားကြယ်ပွင့်ကို ချီးကျူးဖွယ်ရာမဟုတ်ဘဲ အဲဒီအစား ပီအက်စ်ဂျီကြယ်ပွင့်ရဲ့ ဘောလုံးနောက်ကွယ်က ထက်မြက်တဲ့အရည်အချင်းက ၎င်းကို အနိင်ရရှိဖို့ ထိုက်တန်သူအဖြစ် သရဖူဆောင်းပေးနေတဲ့အရာဖြစ်တယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

 

“မက်ဆီက အံ့မခန်းထူးခြားကောင်းမွန်ပါတယ်။ သူက အခုအသက် ၃၁ နှစ်ရှိပါပြီ(လက်ရှိမှာ ၃၅ နှစ်)။ သူက အားကောင်းနေတုန်းပဲ။ သူက ကျွန်တော်တို့အားလုံး မရင်းနှီးတဲ့ပုံစံနဲ့ ပွဲကို ကစားနေတယ်။ ကျွန်တော် ဘောလုံးပွဲတွေအများကြီးကြည့်ခဲ့ဖူးတယ်။ လူတွေက မက်ဆီနဲ့ ရော်နယ်လ်ဒို အငြင်းအခုံပေါ်မှာပဲ အချိန်ကုန်နေကြတယ်။ ကျွန်တော့်အတွက်တော့ နှိုင်းယှဉ်စရာမရှိပါဘူး။ မက်ဆီက ကျန်တဲ့လူတွေအားလုံးနဲ့ မတူတဲ့ အဆင့်အတန်းမှာ ရှိနေပါတယ်။ အဲဒါက အဲဒီလောက်ကို ရိုးရှငး်ပါတယ်။ လူတွေက ကျွန်တော့်ကို ရော်နယ်လ်ဒို ဂိုးသွင်းစံချိန်တွေကရော။ အဲဒီအပေါ်အမြင်ကရောလို့ ပြောကြတယ်။ဒါပေမယ့် ကျွန်တော်သူတို့ကို ပြောခဲ့တာက ခင်ဗျားတို့ မက်ဆီ ဘောလုံးပေးပို့တာကို မြင်ဖူးလား။ သူ ဂိုးဆီကို လိမ်ခေါက်ပြီးသွားတာကို မြင်ဖူးလားဆိုတာပါ။”


ဒါပေမယ့်လည်း ဒီပြောဆိုမှုဟာ လိုင်နီကာအနေနဲ့ မက်ဆီနဲ့ ရော်နယ်လ်ဒို အငြင်းအခုံမှာ ဘက်ရွေးခဲ့တဲ့ နောက်ဆုံးအကြိမ်မဟုတ်ဘဲ ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းက ဘီဘီစီအတွက် ပွဲစီစဉ်တင်ဆက်ချိန်တုန်းကလည်း ရော်နယ်လ်ဒိုဟာ မက်ဆီဘက်တော်သားဖြစ်တဲ့ ၎င်းကို စကားပြောဖို့ ငြင်းဆန်ခဲ့တယ်လို့ ဖာဒီနန်နဲ့ အလန်ရှီးယားရားတို့ကို ပြောခဲ့တာဖြစ်ပါတယ်။

 

“ကျွန်တော့်ရဲ့ ကိုယ်တွေ့ကနေ ခင်ဗျားကို ပြောပြနိုင်တယ်။ ခင်ဗျားက လီယွန်နယ် မက်ဆီက ပိုမိုကောင်းမွန်တဲ့ကစားသမားလို့ ထင်မြင်ချက်ပေးရင် ရော်နယ်လ်ဒိုက ခင်ဗျားကို စကားပြောချင်မှာမဟုတ်ပါဘူး။။ အဲဒါက အဆင်ပြေပါတယ်။ ကျွန်တော် သူ့ရဲ့ ကစားသမားဘဝကို ကြည့်ရှုရတာ နှစ်သက်ခဲ့တာတောင်မှပဲ နားလည်ပါတယ်။ သူက မယုံနိုင်စရာကစားသမားဖြစ်ပေမယ့် အဲဒီအကြောင်းအရာနဲ့ပတ်သက်လာရင် နည်းနည်းတော့ ထိရှလွယ်တယ်။ ”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

Share

Loading Next Article...
က္က