တောင်ကိုရီးယားကြယ်ပွင့်တိုက်စစ်မှူး ဆွန်ဟောင်မင်ဟာ ကိုလံဘီယာနဲ့ ကစားနေတဲ့ ခြေစမ်းပွဲစဉ်အတွင်း ဒုတိယမြောက် ဦးဆောင်ဂိုးကို အလွတ်တည်ကန်ဘောကနေ လှလှပပ ကန်သွင်းယူသွားခဲ့ပါတယ်။
တောင်ကိုရီးယားနဲ့ ကိုလံဘီယာတို့ဟာ အာဆန် မွန်းဆူကွင်းမှာ ခြေစမ်းပွဲအဖြစ် ယှဉ်ပြိုင်ကစားနေကြတာဖြစ်ပြီး တောင်ကိုရီးယားအသင်းကို ယာဂန် ကလင်းစ်မန်းက နည်းပြအဖြစ် ပထမဆုံးကိုင်တွယ်ခဲ့တာဖြစ်ပါတယ်။
တောင်ကိုရီးယားအသင်းအတွက် ဦးဆောင်ဂိုးကို ပထမပိုင်း ၁၀ မိနစ်မှာပဲ ဆွန်ဟောင်မင်က ကိုလံဘီယာနောက်ခံလူ ဘောလုံးပေးပို့ရာမှာ မသေသပ်ရာကနေ ရောက်ရှိလာတဲ့ ဘောလုံးကို ရယူပြီး ဂိုးပေါက်နဲ့ လူနဲ့ တခြားဖြစ်နေတဲ့ ကိုလံဘီယာဂိုးသမားမရှိတဲ့ ဂိုးပေါက်ထဲကို ဘယ်ခြေနဲ့ ပင်နယ်တီ ဧရိယာအပြင်ဘက်ကနေ ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။
ဆွန်ဟောင်မင်ဟာ ပထမပိုင်း မပြီးဆုံးခင်မှာ တောင်ကိုရီးယားအတွက် နောက်ထပ်ဦးဆောင်ဂိုးကို အလွတ်တည်ကန်ဘောကနေတဆင့် တိုက်ရိုက်ကန်သွင်းပြီး ရယူပေးသွားခဲ့တာ ဖြစ်ပါတယ်။ တော့တင်ဟမ်ဟော့စပါးကြယ်ပွင့်ဟာ ဂိုးဘယ်ဖက်အောက်ထောင့်ထဲကို လူတံတိုင်းကို ကျော်ကန်သွားခဲ့တာဖြစ်ပြီး ကိုလံဘီယာ ဂိုးသမား ဘယ်လိုမှ မကာကွယ်နိုင်ခဲ့ဘဲ ဂိုးခွင့်ပြု ပေးခဲ့ရတာဖြစ်ပါတယ်။
ကိုလံဘီယာအသင်းဟာ ဒုတိယပိုင်း ပြန်လည်စတင်ချိန်မှာ ဟားမက်စ် ရိုဂရီဂက်ဇ်၊ ဂျော့ဂျ် ကာရက်စ်ကယ်တို့ရဲ့ ၄၇ မိနစ်နဲ့ ၄၉ မိနစ်တို့မှာ ချေပဂိုးတွေ ဆက်တိုက်သွင်းယူသွားခဲ့ကြတာဖြစ်ပြီး ၂-၂ နဲ့ ပွဲပြီးဆုံးသွားခဲ့တာဖြစ်ပါတယ်။