ဆော်ဒီ အာရေဗျအသင်းကို အယ်လ်ဟီလာလ်နဲ့ အယ်လ် နက်ဆာအသင်းတို့က ကြယ်ပွင့်ကစားသမားတွေနဲ့ စုဖွဲ့သွားမှာ ဖြစ်ပါတယ်။

ရေးဗား ပလိတ် နည်းပြဟောင်း မာဆယ်လို ဂယ်လာဒိုက ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ လီယွန်နယ်တို့ နောက်ထပ်တစ်ကြိမ်ကွင်းထဲမှာ ထိပ်တိုက်ရင်ဆိုင်သွားမယ့် ပွဲစဉ်အတွက် နည်းပြအဖြစ်နဲ့ ကွင်းဘေးစည်းမှာ ရှိနေမယ်လို့ အတည်ပြု ပြောကြားခဲ့ပါတယ်။

ပီအက်စ်ဂျီအသင်းဟာ ဆော်ဒီ ပရိုလိဂ်ကြယ်စင်စုများအသင်းနဲ့ ခြေစမ်းပွဲယှဉ်ပြိုင်ကစားသွားရမှာဖြစ်ပြီး ဆော်ဒီ အာရေဗျအသင်းကို အယ်လ်ဟီလာလ်နဲ့ အယ်လ် နက်ဆာအသင်းတို့က ကြယ်ပွင့်ကစားသမားတွေနဲ့ စုဖွဲ့သွားမှာ ဖြစ်ပါတယ်။ ရော်နယ်လ်ဒိုဟာ လက်ရှိအချိန်အထိ အယ်လ် နက်ဆာအသင်းအတွက် ပွဲဦးထွက်ပါဝင်ကစားပေးရခြင်းမရှိသေးပေမယ့်လည်း ပီအက်စ်ဂျီနဲ့ပွဲစဉ်မှာ လီယွန်နယ် မက်ဆီနဲ့ ထိပ်တိုက်ရင်ဆိုင်ကစားသွားဖွယ် ရှိနေတာ ဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းဘက်မှာ လီယွန်နယ် မက်ဆီ၊ နေမာ၊ အမ်ဘာပေတို့လို ကမ္ဘာ့ထိပ်တန်း ကြယ်ပွင့်ကစားသမားတွေ ပါဝင်ကစားပေးသွားမှာဖြစ်ပြီး နည်းပြ ခရစ္စတိုဖီ ဂဲလ်တီယာက ပုံမှန်အတိုင်း နည်းပြအဖြစ် တာဝန်ယူကိုင်တွယ်သွားမှာဖြစ်ပေမယ့်လည်း ဆော်ဒီပရိုလိဂ် ကြယ်စင်စုအသင်းကို ကိုင်တွယ်သွားမယ့် နည်းပြက ဘယ်သူလဲဆိုတာကို အာဂျင်တီးနားလူမျိုးနည်းပြက အတည်ပြု ပြောကြားလိုက်တာဖြစ်ပါတယ်။

"အယ်လ် ဟီလာလ်နဲ့ အယ်လ် နက်ဆာတို့က ကစားသမားတွေနဲ့ စုဖွဲ့ထားမယ့် ရီရက်ဒ်ဆီဆင်ကို ဇန်နဝါရီ ၁၉ ရက်နေ့မှာ ကျွန်တော် တာဝန်ယူကိုင်တွယ်သွားမယ်လို့ ကြေညာချင်ပါတယ်။ မကြာခင် တွေ့ကြမယ်"လို့ ထုတ်ပြန်ကြေညာချက်ထဲမှာ ရေးသားခဲ့တာဖြစ်ပါတယ်။

Share

Loading Next Article...
က္က