ရော်နယ်လ်ဒိုက မက်ဆီဟာ ၎င်းကြည့်ခဲ့ဖူးသမျှထဲမှာ အကောင်းဆုံးကစားသမားဖြစ်တယ်လို့ ဝန်ခံ ပြောကြားခဲ့တယ်လို့ သိရပါတ်။

တသက်တာအကောင်းဆုံးကစားသမားက ဘယ်သူလဲဆိုတာကို ပရိသတ်တွေကြားမှာ အငြင်းအခုံတွေ မြင့်တက်နေကောင်း မြင့်တက်နေနိုင်ပေမယ့် ခရစ္စတီယာနို ရော်နယ်လ်ဒိုတောင်မှ လီယွန်နယ် မက်ဆီဟာ မြင်ဖူးသမျှထဲမှာ အကောင်းဆုံးကစားသမားဆိုတာကို ဝန်ခံခဲ့ပါတယ်။

တနင်္ဂနွေနေ့မှာ လီယွန်နယ် မက်ဆီသာ အာဂျင်တီးနားအသင်းကို ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ အနိုင်ရရှိအောင် ဦးဆောင်ပေးနိုင်မယ်ဆိုရင် တသက်တာအကောင်းဆုံးကစားသမားဘယ်သူလဲဆိုတဲ့ အငြင်းအခုံက ပြီးဆုံးသွားလိမ့်မယ်လို့ အများစုက ယုံကြည်နေကြတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အချို့လူတွေကတော့ ရော်နယ်လ်ဒိုဟာ တသက်တာအကောင်းဆုံးဘောလုံးသမားလို့ တထစ်ချ လက်ကိုင်ထားပြီး ပြိုင်ငြင်းတာမျိုးတောင် လက်ခံဖို့ မစဉ်စားနိုင်ကြတာဖြစ်ပါတယ်။

ပေါ်တူဂီကြယ်ပွင့်ရဲ့ ကိန်းဂဏန်းတွေဟာ အမှန်တကယ်လည်း ကြောက်မက်ဖွယ်ကောင်းပြီး ပီးယာ့စ် မော်ဂန်ကတော့ လက်ရှိအချိန်အထိ ခရစ္စတီယာနို ရော်နယ်လ်ဒိုသာ အကောင်းဆုံကစားသမာအဖြစ် ရွေးချယ်နေဆဲ ဖြစ်ပါတယ်။ ပီးယာ့စ် မော်ဂန်ဟာ ရော်နယ်လ်ဒိုနဲ့ အင်တာဗျူး ပြုလုပ်ခွင့် ရရှိခဲ့တာကြောင့် ပေါ်တူဂီကြယ်ပွင့်က အကောင်းဆုံးကစာသးမားလို့ ထောက်ခံနေတာ အံ့အားသင့်စရာမဟုတ်ပေမယ့်လည်း အဲဒီအင်တာဗျူးဟာ News of the World အယ်ဒီတာဟောင်းနဲ့ ပေါ်တူဂီတိုက်စစ်မှူးတို့ကြား ပထမဆုံး အင်တာဗျူးတော့မဟုတ်ခဲ့တာဖြစ်ပါတယ်။

မော်ဂန်ဟာ ၂၀၁၉ ခုနှစ်တုန်းက ခရစ္စတီယာနို ရော်နယ်လ်ဒိုကို အင်တာဗျူးခဲ့ဖူးပြီး နှစ်ပေါင်းများစွာ လူမှုကွန်ရက်ပေါ်မှာ မိတ်ဆွေဖြစ်တဲ့ ပေါ်တူဂီတိုက်စစ်မှူးနဲ့ အဆက်အသွယ်ရှိခဲ့တဲ့အကြောင်း မကြာခဏ ပြသခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ အသက် ၅၇ နှစ်အရွယ် ရုပ်သံအစီအစဉ်တင်ဆက်သူ ပီးယာ့စ် မော်ဂန်က အဲဒီစကားပြောဆိုမှုအတွင်း ပြောကြားခဲ့တာတွေကို ထုတ်ဖော်ပြောကြားခဲ့ပြီဖြစ်ပြီး ရော်နယ်လ်ဒိုက မက်ဆီဟာ ၎င်းကြည့်ခဲ့ဖူးသမျှထဲမှာ အကောင်းဆုံးကစားသမားဖြစ်တယ်လို့ ဝန်ခံ ပြောကြားခဲ့တယ်လို့ သိရပါတ်။

"ကျွန်တော် ခရစ္စတီယာနိုနဲ့ အရမ်းစိတ်ဝင်စားစရာကောင်းတဲ့ စကားပြောဆိုမှု ပြုလုပ်ခဲ့တယ်။ ကျွန်တော် လွန်ခဲ့တဲ့ ၃ နှစ်က သူ့ကို ပထမဆုံးအင်တာဗျူးပြီးတော့ ညစာစားခဲ့တယ်။ အဲဒါက အရမ်းကောင်းမွန်တဲ့ စကားပြောဆိုမှုဖြစ်ခဲ့ပြီး သူ့ကို လူပုဂ္ဂိုလ်တစ်ယောက်အနေနဲ့ ကျွန်တော် တကယ် နှစ်သက်ပါတယ်။ သူက မက်ဆီနဲ့ပတ်သက်ပြီး မယုံနိုင်စရာကောင်းလောက်အောင် လေးစားမှုရှိခဲ့ပြီး ကျွန်တော် သူ့ကို 'ခင်ဗျား မြင်ဖူးသမျှထဲက အကောင်းဆုံးကစားသမားက ဘယ်သူလဲ'လို့ မေးခဲ့ပါတယ်။ သူက 'မက်ဆီပေါ့။ ဒါပေမယ့် ခင်ဗျား ကျွန်တော့်ကို မေးတဲ့မေးခွန်းက မှားနေပြီ။ ဘယ်သူက အကောင်းဆုံကစားသမားလဲလို့ ဘာလို့မမေးတာလဲ'တဲ့။ ဘာလို့လဲဆိုတော့ သူက သူ့ကိုယ်သူ ကစားတာကို တိုက်ရိုက်မကြည့်ရှုခဲ့ဖူးလို့တဲ့။ အဲဒီတော့ ကျွန်တော်လည်း ရယ်မောခဲ့မိပါတယ်"လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

Share

Loading Next Article...
က္က