နှစ်ယောက်တွဲလုပ်ရတဲ့ လေ့ကျင့်ခန်းအစီအစဥ်မှာဖြစ်ပွားခဲ့တာပါ။

ပြင်သစ်လီဂူးလက်ရှိချန်ပီယံ ပီအက်စ်ဂျီဟာ လက်ရှိအချိန်မှာ ရာသီကြိုလေ့ကျင့်ခန်း အစီအစဥ်တွေကို စတင်ပြုလုပ်နေပြီဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းအစီအစဥ်မှာ နာမည်ကျော်ကစားသမားတွေဖြစ်တဲ့ မက်ဆီ၊ နေမာ၊ အမ်ဘာပေသုံးယောက်လုံးလည်း ပူးပေါင်းနေကြပြီဖြစ်ပါတယ်။



ဒီလိုမျိုး လေ့ကျင့်ခန်းအစီအစဥ်တွေမှာတော့ ထူးထူးခြားခြား ဖြစ်ရပ်တခုဖြစ်ပွားခဲ့ပါတယ်။ ဒါကတော့ နေမာဟာ အမ်ဘာပေကို လေ့ကျင့်ရေးကွင်းမှာ သိသိသာသာ လျစ်လျူရှုခဲ့တာဖြစ်ပြီး မက်ဆီနဲ့ပဲ တွဲဖက် လေ့ကျင့်ခန်း ပြုလုပ်ခဲ့တာပါ။ ကြံ့ခိုင်မှုလေ့ကျင့်ခန်းတစိတ်တပိုင်းအဖြစ် ပြုလုပ်ရတဲ့ ဒီအစီအစဥ်က နှစ်ယောက်တွဲ လေ့ကျင့်ရတာဖြစ်ပါတယ်။

ကစားသမားနှစ်ယောက်ဟာ တယောက်လက်ကို တယောက်အပြန်အလှန်ဆွဲထားပြီး ခန္ဓာကိုယ်ဟန်ချက်ကို ထိန်းညှိပြီးနောက် ရှေ့ကို အတူတူပြေးတက်ရပါတယ်။ ဒီလေ့ကျင့်ခန်းအတွက် တန်းစီတဲ့နေရာမှာ အမ်ဘာပေက နေမာအနားရောက်နေပေမယ့် နေမာက အမ်ဘာပေကို မသိချင်ယောင်ဆောင်ခဲ့ပါတယ်။ အမ်ဘာပေက သူ့လက်ကိုဆွဲဖို့ ကမ်းပေးသည့်တိုင် နေမာက လုံးဝကို လျစ်လျူရှုထားခဲ့တာပါ။



အဲ့ဒါကြောင့်လည်း အမ်ဘာပေတယောက် နားမလည်နိုင်အောင် ဖြစ်ခဲ့ရကာ ဟိုကြည့်ဒီကြည့်လုပ်နေခဲ့ပြီး နည်းပြအဖွဲ့ဝင်တယောက်က အမ်ဘာပေနဲ့အတူ လေ့ကျင့်ပေးခဲ့ရပါတယ်။ အမ်ဘာပေ ပြေးထွက်သွားတဲ့နောက်မှာတော့ နေမာက အသင်းဖော် မက်ဆီနဲ့အတူ ဒီလေ့ကျင့်ခန်းကို ပုံမှန်အတိုင်း ဆက်လက်ပြုလုပ်သွားခဲ့တာကိုလည်း ရုပ်သံမှတ်တမ်းတွေမှာ မြင်တွေ့ခဲ့ရပါတယ်။

ဒါဟာ နေမာအနေနဲ့ အမ်ဘာပေကို ရည်ရွယ်ချက်ရှိရှိ လျစ်လျူရှုခဲ့တာဖြစ်တယ်လို့ ဝေဖန်နေပါတယ်။ အမ်ဘာပေဟာ ပြီးခဲ့တဲ့ဘောလုံးရာသီနှောင်းပိုင်းမှာ ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်းတိုးပြီးနောက် အသင်းရဲ့အားကစားစီမံကိန်းတွေမှာ လုပ်ပိုင်ခွင့်အရှိဆုံးပုဂ္ဂိုလ်တယောက်ဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် အမ်ဘာပေက နေမာကို ရောင်းချဖို့အတွက်လည်း အသင်းတာဝန်ရှိသူတွေထံ တိုက်တွန်းထားတယ်လို့ သတင်းတွေထွက်ခဲ့ဖူးတာကြောင့် နေမာက အခုလိုမျိုး ဆက်ဆံခဲ့တာလည်းဖြစ်နိုင်ပါတယ်။ 

Share

Loading Next Article...
က္က