အင်တာမိုင်ယာမီ ကစားသမား ဖာကန်ဒိုဖာရစ်ဟာ မက်ဆီနဲ့တွဲကစားခွင့်ရဖို့၊ အင်တာမိုင်ယာမီကို ပြောင်းရွှေ့ခွင့်ရဖို့အတွက် ဇနီးသည်ဖြစ်သူကို တက္ကသိုလ်ကနေ ထွက်ခိုင်းခဲ့ကြောင်း သိရှိရပါတယ်။ အဆိုပါ ကစားသမားဟာ အခု (၂၀၂၃) ခုနှစ်မှာမှ အင်တာမိုင်ယာမီကို ရောက်ရှိလာခဲ့တာပါ။
ဒီလိုမျိုး အင်တာမိုင်ယာမီကို ပြောင်းရွှေ့ခွင့်ရဖို့အတွက် ဖာရစ်ရဲ့ ဇနီးသည်က သူတက်ရောက်နေတဲ့ တက္ကသိုလ်ကျောင်းကနေ နှုတ်ထွက်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာမှပဲ ဖာရစ်က သူ့ဇနီးသည်နဲ့အတူ အင်တာမိုင်ယာမီကို ရောက်ရှိလာခဲ့တာပါ။
ဒီအကြောင်းနဲ့ပတ်သက်လို့ ဖာရစ်က “ကျွန်တော့်ဇနီးက သူယူထားတဲ့ မေဂျာကို သူတက်နေတာပါ။ ဒါပေမယ့် ကျွန်တော်တို့ အင်တာမိုင်ယာမီကို ပြောင်းရွှေ့ဖို့ လိုအပ်လာခဲ့ပါတယ်။ သူကတော့ ကျွန်တော့်ကို သတ်တောင် သတ်ချင်နေတာပါ။ ဒါပေမယ့် ကျွန်တော့်ဇနီးကို ပြောခဲ့တာ တစ်ခုရှိပါတယ်”
“ဒါကတော့ ငါတို့ မက်ဆီနဲ့တွဲကစားခွင့်ရမှာဆိုတာပါပဲ” လို့ ပြောကြားသွားခဲ့ပါတယ်။ မက်ဆီကလည်း ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့မှာ ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးပြီးနောက် အင်တာမိုင်ယာမီကို ပြောင်းရွှေ့လာခဲ့တာပါ။
မက်ဆီ အင်တာမိုင်ယာမီအတွက် ကစားပေးနိုင်ချိန်မှာ အသင်းက ရလဒ်ကောင်းတွေရခဲ့ပေမယ့် ဒဏ်ရာရသွားချိန်မှာတော့ အင်တာမိုင်ယာမီတို့ ရလဒ်တွေဆိုးရွားခဲ့ပါတယ်။ အဆိုးဆုံးအနေနဲ့ကတော့ မေဂျာလိဂ်ပလေးအော့ဖ်ကစားခွင့်ကိုပါ အင်တာမိုင်ယာမီတို့ ဆုံးရှုံးခဲ့ရပြီးဖြစ်ပါတယ်။