စူပါကွန်ပျူတာက တွက်ချက်ပေးခဲ့တာပါ။

စူပါကွန်ပျူတာရဲ့တွက်ချက်မှုတွေအရ လာမယ့် (၂၀၂၂) ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ လက်ရှိချန်ပီယံပြင်သစ်သာ အနိုင်ယူဗိုလ်စွဲမယ်လို့ ခန့်မှန်းခဲ့ပြီး အခြားအသင်းတွေရဲ့ ဖြစ်နိုင်ခြေတွေကိုလည်း တွက်ချက်ပေးခဲ့ပါတယ်။ ကာတာကမ္ဘာ့ဖလားကို အခြားကမ္ဘာ့ဖလားတွေနဲ့မတူ၊ ဆောင်းရာသီမှာ ကျင်းပမှာပါ။ ဒါဟာ ကာတာရဲ့ ရာသီဥတုကြောင့်လည်းဖြစ်ပါတယ်။



ပြင်သစ်ဟာ ပြီးခဲ့တဲ့ (၂၀၁၈) ကမ္ဘာ့ဖလားမှာလည်း ခရိုအေးရှားကို ဗိုလ်လုပွဲမှာ ၄-၂ ဂိုးနဲ့ အနိုင်ရဗိုလ်စွဲခဲ့ပါတယ်။ Algorithm တွေအပေါ် အခြေခံပြီး တွက်ချက်မှုအရ ပြင်သစ်ဟာ ဒီနှစ်ကမ္ဘာ့ဖလားမှာလည်း ဗိုလ်စွဲဖို့ (၁၇.၉၃) ရာခိုင်နှုန်းအထိရှိနေပြီး ပြိုင်ပွဲဝင်အသင်းတွေထဲမှာ အများဆုံးဖြစ်နေပါတယ်။ သူ့ရဲ့နောက်မှာတော့ ဘရာဇီး၊ စပိန်၊ အင်္ဂလန်၊ ဘယ်လ်ဂျီယံတို့က အစဥ်လိုက်ရပ်တည်နေပါတယ်။

ထူးခြားချက်တခုအနေနဲ့ ပရိသတ်တွေမျှော်လင့်ထားတဲ့ မက်ဆီရဲ့အာဂျင်တီးနား၊ ရော်နယ်ဒိုရဲ့ပေါ်တူဂီတို့ကတော့ ဗိုလ်စွဲနိုင်ခြေ အဆင့် (၈) နဲ့ အဆင့် (၉) နေရာမှာသာ ရပ်တည်နေခဲ့ပါတယ်။ အာဂျင်တီးနားဟာ လက်ရှိအချိန်မှာ အကောင်းဆုံးစုဖွဲ့မှုကို ပိုင်ဆိုင်ထားပြီး ပြိုင်ပွဲရဲ့ ဗိုလ်စွဲဖို့ရေပန်းအစားဆုံးအသင်းတွေထဲက တသင်းအဖြစ် သတ်မှတ်ခံထားရပါတယ်။

ဒါ့အပြင် အခု ကမ္ဘာ့ဖလားပြိုင်ပွဲက မက်ဆီနဲ့ရော်နယ်ဒိုနှစ်ယောက်လုံးအတွက် နောက်ဆုံးသောကမ္ဘာ့ဖလားပြိုင်ပွဲဖြစ်လာနိုင်ပြီး နှစ်ယောက်လုံးက ဒီပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေကုန်ရေခမ်း ကြိုးစားသွားဖို့ရှိပါတယ်။ နာမည်ကြီးအင်္ဂလန်ကတော့ ဗိုလ်စွဲနိုင်ခြေ အဆင့် (၄) မှာ ရှိနေပေမယ့် နောက်ပိုင်း သူ့ရဲ့ခြေစွမ်းက အားရစရာမရှိပါဘူး။

အခု စူပါကွန်ပျူတာက ဗိုလ်စွဲမယ်လို့ ခန့်မှန်းတွက်ချက်ပေးထားတဲ့ ပြင်သစ်ဟာလည်း အင်္ဂလန်နည်းတူ ပြီးခဲ့တဲ့ နိုင်ငံတကာရက်သတ္တပတ်မှာ ကစားခဲ့တဲ့ ယူရိုနေးရှင်းလိဂ်ပွဲစဥ်တွေမှာ နိုင်ပွဲတပွဲတောင် မရခဲ့ပါဘူး။ အဲ့ဒါကြောင့်လည်း ပြင်သစ်ရော၊ အင်္ဂလန်ရော နေးရှင်းလိဂ်မှာ League A ကနေ League B ကို တန်းဆင်းရဖွယ်ရှိနေပါတယ်။ 

Share

Loading Next Article...
က္က