မက်ဆီနဲ့ရော်နယ်ဒိုတို့ အသင်းရွေးတဲ့အပေါ် ဝေဖန်ခံလိုက်ရတာပါ။

ပြင်သစ်ကစားသမားဟောင်းကြီး အနယ်လ်ကာ ကမ္ဘာကျော်ကစားသမားနှစ်ယောက်ဖြစ်တဲ့ မက်ဆီနဲ့ရော်နယ်ဒိုတို့ရဲ့ အပြောင်းအရွှေ့အတွက် ဆုံးဖြတ်ချက်ချမှုအပေါ် ဝေဖန်ပြောကြားလာခဲ့ပါတယ်။ ဒီကစားသမားနှစ်ယောက်ဟာ ပြီးခဲ့တဲ့နွေရာသီမှာ တိုက်တိုက်ဆိုင်ဆိုင်နဲ့ အသင်းပြောင်းဖြစ်ခဲ့ကြတာပါ။



ဒါပေမယ့် နှစ်ယောက်လုံးက လက်ရှိအချိန်မှာ သက်ဆိုင်ရာအသင်းတွေနဲ့ ရုန်းကန်နေရပါတယ်။ မက်ဆီကို ပီအက်စ်ဂျီပရိသတ်တွေကပါ ပြန်လည်လှောင်ပြောင်နေသလို ရော်နယ်ဒိုကလည်း (၁၂) နှစ်တာကာလအတွင်း ပထမဆုံး ဖလားလက်မဲ့ရာသီနဲ့ ရင်ဆိုင်ရတော့မှာပါ။

အဲ့ဒါကြောင့်လည်း အနယ်လ်ကာက “ကစားသမားဘဝကို အကြာကြီးဖြတ်သန်းချင်ရင်တော့ ဒါမျိုးတွေ ဖြစ်လာမှာပါပဲ။ မက်ဆီနဲ့ရော်နယ်ဒိုရဲ့ ကစားသမားဘဝက ပြီးဆုံးသွားပါပြီ။ တကယ်ဆိုရင် သူတို့ နောက်ဆုံး (၁၅) နှစ်အတွင်း ဆွတ်ခူးထားတဲ့အရာတွေနဲ့အတူ သေချာပေါက် ပျော်ရွှင်နေသင့်ပါပြီ”

“သူတို့က ကျန်တဲ့ ကစားသမားအားလုံးထက် အမြင့်မှာရှိနေခဲ့ပြီး အခု ကျဆင်းလာတာက သူတို့အတွက် သာမန်ကိစ္စရပ်ပါပဲ။ ရော်နယ်ဒိုထက်စာရင် ကျနော်က မက်ဆီကို ပိုပြီးအံ့သြပါတယ်။ မက်ဆီက ပြင်သစ်မြေမှာ အလှည့်အပြောင်းတခုခု လုပ်နိုင်မယ်လို့ ကျနော်ထင်ခဲ့တာပါ။ ရော်နယ်ဒိုကိုတော့ အင်္ဂလန်မြေမှာ အခက်အခဲတွေနဲ့ ပိုမိုရင်ဆိုင်ရမယ် ထင်ခဲ့ပါတယ်”

“ဘာလို့လဲဆိုတော့ ပရီးမီးယားလိဂ်က ကမ္ဘာပေါ်မှာ တောင်းဆိုမှုအများဆုံး လိဂ်ပြိုင်ပွဲတခုဖြစ်နေလို့ပါ။ ရော်နယ်ဒိုနဲ့မက်ဆီနှစ်ယောက်က ဥာဏ်မမှီခဲ့ပါဘူး။ သူတို့အနေနဲ့ ရှုပ်ထွေးတဲ့ စိန်ခေါ်မှုတွေကို နည်းနည်းပဲ ရင်ဆိုင်ဖို့ စဥ်းစားခဲ့သင့်တာပါ။ ဘာလို့လဲဆိုတော့ ထိပ်တန်းအဆင့်မှာ ရပ်တည်နေဖို့ဆိုရင် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ဆိုတာ လိုအပ်ပါတယ်”

“အသက် (၃၂) (၃၃) (၃၄) တို့မှာ ကစားသမားဘဝကို ရပ်တန့်ဖို့မကြောက်တဲ့ ကစားသမားတွေ၊ ဒီအတွက် ဝေဖန်ခံရမှာကို မကြောက်တဲ့ ကစားသမားတွေရှိပါတယ်။ ကျနော်ဆို အသက် (၃၆) မှာ နားပါတယ်။ အသက် (၃၂) နှစ်တည်းက တရုတ်မှာ သွားကစားနေပါပြီ” လို့ ပြောကြားသွားခဲ့တာပဲဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က