မနေ့က ကစားခဲ့တဲ့ ပီအက်စ်ဂျီနဲ့ ရီးရဲလ်တို့ရဲ့ ချန်ပီယံလိဂ်ပွဲမှာတော့ ဘတ်ပီရဲ့ နောက်ဆုံးမိနစ်သွင်းဂိုးနဲ့ အိမ်ရှင်ပီအက်စ်ဂျီတို့ အနိုင်ရရှိသွားခဲ့ပါတယ်။ အိမ်ကွင်းမှာ ပီအက်စ်ဂျီက ခြေစွမ်းအသာနဲ့ ကစားနိုင်ခဲ့တာဖြစ်ပြီး ပြိုင်ဘက်ကို ပွဲစကတည်းက လွှမ်းမိုးနိုင်ခဲ့ပေမယ့် အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့လို့ ဦးဆောင်ဂိုးစောစောစီးစီးရမယ့် အနေအထားနဲ့တော့ ဝေးကွာခဲ့ရပါတယ်။
ဒီအတွက် ဖိအားတွေရှိနေခဲ့တဲ့ ရော်နယ်ဒိုတယောက် ဂိုးပေါက်ပြန်တွေ့ခဲ့ပြီး ဂိုးမိုးခေါင်မှုကို အဆုံးသတ်နိုင်ခဲ့ပါတယ်။ သွင်းဂိုးတွေပြန်ရဖို့အတွက် လေ့ကျင့်ကွင်းမှာ ပြင်းပြင်းထန်ထန် အားထုတ်ခဲ့တဲ့အကျိုးဆက်ကို ရော်နယ်ဒိုခံစားရတာဖြစ်ပြီး သူနဲ့ခေတ်ပြိုင်ကစားသမား မက်ဆီက သူ့အသင်းဟောင်းနဲ့ပွဲမှာ ပင်နယ်တီလွဲပြီး မကြာခင် သူက ဂိုးသွင်းနိုင်ခဲ့တာက အံ့အားသင့်ဖွယ်ရာ တိုက်ဆိုင်မှုလည်း ဖြစ်လာခဲ့ပါတယ်။