ယူနိုက်တက်အတွက် လိဂ်ဂိုး ၃ ဂိုး ရရှိထားပါတယ်။

လိဒ်ယူနိုက်တက်ကို အဝေးကွင်းမှာ ၂-၄ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ လူစားဝင်လာပြီးနောက် တဂိုးသွင်းယူပေးခဲ့သလို ခြေစွမ်းလည်းပြနိုင်ခဲ့တဲ့ ကွင်းလယ်လူဖရက်ဒ်ကတော့ ချီးကျူးမှုတွေရရှိနေပါတယ်။ ပေါ့ဂ်ဘာနေရာမှာ အစားထိုးဝင်လာခဲ့တာဖြစ်ပြီး ကွင်းထဲရောက်ပြီး ၂ မိနစ်အကြာမှာပဲ အဖိုးတန်အနိုင်ဂိုးကို ဖရက်ဒ်က သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။

ကျန်ပွဲချိန်တွေမှာလည်း ဖရက်ဒ်က ခြေစွမ်းပြကစားခဲ့ပြီး သူ ဝင်ရောက်လာပြီးမှ ယူနိုက်တက်ကွင်းလယ်ပိုင်းက တည်ငြိမ်လာခဲ့သလို ပြိုင်ဘက်တိုက်စစ်ကိုလည်း ပိုမိုဟန့်တားမှုတွေပြုလုပ်နိုင်ခဲ့ပါတယ်။ ဘရာဇီးလ်ကွင်းလယ်လူဟာ ဒီရာသီမှာ လိဂ်ဂိုး ၃ ဂိုးအထိ ရရှိသွားခဲ့ပြီဖြစ်ကာ ယူနိုက်တက်ကစားသမားဘ၀အစ ကဲ့ရဲ့လှောင်ပြောင်ခံနေရမှုတွေကို အဆုံးသတ်နိုင်ခဲ့ပြီဖြစ်ပါတယ်။ 

ကွင်းလယ်အဖျက်ကစားသမားတဦးရဲ့ ဘောလုံးဖျက်ထုတ်မှု၊ ကြားဖြတ်လုယူမှု၊ ရှင်းထုတ်မှု၊ ဘောလုံးပြန်ဆယ်ယူမှုတွေမှာ ဖရက်ဒ်က ပရီးမီးယားလိဂ်ရဲ့ ထိပ်တန်းကစားသမားအဖြစ် ရပ်တည်နေတယ်လို့လည်း Sky Sports က အချက်အလက်တွေနဲ့ ဖော်ပြခဲ့ပါတယ်။ မနေ့ကပွဲမှာ သူ ဂိုးသွင်းနိုင်ခဲ့ပြီးနောက် ဒီရာသီအမှတ်ပေးသွင်းဂိုးရရှိထားမှုဟာ ပီအက်စ်ဂျီတိုက်စစ်မှူးမက်ဆီထက်တောင်မှ သာလွန်နေတယ်လို့ ESPN က ဆိုပါတယ်။


မက်ဆီကတော့ ပြင်သစ်လီဂူးမှာ သွင်းဂိုး ၂ ဂိုးတည်းသာ ရရှိထားသေးတာဖြစ်ပါတယ်။ ဂိုးဖန်တီးမှုအများအပြားကို မက်ဆီ ပြုလုပ်ပေးထားနိုင်ပေမယ့်လည်း ဘောလုံးရာသီတရာသီမှာ ပြိုင်ပွဲစုံသွင်းဂိုးအနည်းဆုံး ၂၀ အထိ သွင်းယူနေကျ မက်ဆီဟာ ဒီရာသီမှာ ၇ ဂိုးတည်းသာရရှိထားသေးတာဖြစ်ပါတယ်။ ဒါကြောင့် သူ့ရဲ့လိဂ်ဂိုးရရှိမှုကို ဖရက်ဒ်နဲ့နှိုင်းယှဉ်ကာ ESPN က ဖော်ပြပြီး မက်ဆီရဲ့ လီဂူးကစားသမားဘ၀ ခက်ခဲနေမှုကို ထင်ဟပ်နေစေခဲ့ပါတယ်။ 

Share

က္က